ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Saturday, April 7, 2012

ရင်နင့်ချစ်


"ရင်နင့် ချစ်"


တစ်ကြိမ်တစ်ခါ ချစ်ခဲ့ရုံနဲ့
ဘ၀မှာအကြိမ်တစ်ရာ
မေ့ပစ်ဖို့ခက်တဲ့ ရက်စက်တဲ့အချစ်ရယ်

အတ္တတွေနဲ့ အရောင်ခြယ်ပြီး
အချစ်မှာ ကာလာရှိကြောင်း
နင် သက်သေပြတဲ့ နေ့
ငါ့ ဘ၀အရောင်တွေ  မဲ့ သွားတယ်

အိပ်စက်မှ အိပ်မက် မက်ရတာပါ
နိုးတ၀က်နဲ့ ပြေးထွက်ရတဲ့ ငါ့ညတွေအတွက်
လာခြင်းကောင်းတဲ့ အိပ်မက် ဘယ်မက်ခဲ့လိမ့်မလဲ ?
အိပ်မက်အထိတောင် ရက်စက်တယ်

မတော်တဆခြစ်မိတဲ့ ဆူးတောင်
လက်ကလေး နာကျင်စေရက်ရင်
တစ်ဘ၀စာ ရည်ရွယ်ချစ်ခဲ့ တဲ့ အဖြစ်
ငါ့အချစ်က ရင်နင့် ဖွယ်   !

(ချစ်ခဲ့ဘူတဲ့ နှင်းဆီ)



--

No comments:

Post a Comment