ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Saturday, April 7, 2012

ဖေဖော်ဝါရီကျိန်စာ(ကဗျာ)

"ဖေဖ၀ါရီ ကျိန်စာ"



ကို!
ချစ်ခဲ့တာလည်းဖေဖ၀ါရီ
အပြစ်ဖွဲ့စွာထားရစ်တာလည်းဖေဖ၀ါရီ
ဖေဖ၀ါရီရောက်တိုင်း
ကျွန်မရင်တွေ တဆစ်ဆစ်နာကျင်ရပါတယ်
ချစ်ခဲ့တဲ့  ၃နှစ်တာ ကာလကိုနောက်ကြောင်းပြန်ကြည့်ရင်
ကျွန်မ ကို့ အပေါ် ဘာမကောင်းတာ လုပ်ခဲ့မိသလဲ???
အနစ်နာခံ ခွင့်လွှတ်စိတ်နဲ့ နောက်ဆုံးရက်ထိ
သိပ်ချစ်ခဲ့တယ်......
အသစ်တွေ့ လို့ အဟောင်းစွန့်ပြီး
မေ့ပစ်နိုင်သူ ကို့ အတွက်
ကို ရွေးချယ်တဲ့ မိန်းကလေး
ပျော်ရွှင်မှုတွေ ပေးပါစေ


ကိုရေ  !
ချစ်ခဲ့တာလည်းဖေဖ၀ါရီ
အပြစ်ဖွဲ့စွာထားရစ်တာလည်းဖေဖ၀ါရီ
ဖေဖ၀ါရီရောက်တိုင်း
ကျွန်မရင်တွေ တဆစ်ဆစ်နာကျင်ရပါပြီ


(၁၄.၂.၂၀၁၂  မှာမင်္ဂလာ သက်တမ်း ၃နှစ်ပြည့်မယ့်
ချစ်ခဲ့ဖူးသူ ကို့ အတွက်.......)


နာကျင်နှင်းဆီ



No comments:

Post a Comment