ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Thursday, April 5, 2012

ကောင်လေးအကြောင်း(ကဗျာ)

 
"ကောင်လေးအတွက်ခံစားချက်"


ကောင်လေးရေ !
ဒီကမ္ဘာ မှာ ငါ အမြတ်နိုးဆုံးအရာဟာ
သွားတက်ကလေးနဲ့ နင့်အပြုံးဘဲ

ကောင်လေးရေ !
အချစ်ဆိုတာကို မသိသေးတဲ့ ဒို့လိုအရွယ်ဆယ်ကျော်သက်မှာ
သွားတက်ကလေးနဲ့တွေ့ မှ  ကန်ရေပြင်ကိုခဲ နဲ့ ပေါက်သလို
ရင်ထဲလှုပ်ခါသွားခဲ့တယ်

ဒါပေမယ့်လည်းတခဏပါဘဲ
ကန်ရေပြင်အောက် ခဲရောက်ရှိသလို
ရင်ထဲမှာလည်း အချစ်ဆိုတဲ့ ဒဏ်ရာဘဲ ကျန်ခဲ့တယ်ဟာ

ကောင်လေးရေ !
မင်းမှတ်မိလေဦးမလား
မင်းနှစ်သက်နေတဲ့သူကို ခရေတစ်ဆုပ်နမ်းရှိုက်ကာပေးတော့
ငါ အနီးနားမှာရှိနေခဲ့တာ
ငါ့ရင်ထဲ ဘယ်လိုခံစားရမယ်ဆိုတာ
ကောင်လေး    နင်မှန်းကြည့်စမ်းပါဟာ

မိန်းခလေးတစ်ယောက်ရဲ့ ခံစားချက်က တော့
စာရွက်ပေါ်မှာ ချကာရေး
မျက်ဝန်းတွေနဲ့ စကားပြော
ဒို့ သဘောကို သိပါစေ ဆိုတဲ့ ဆန္ဒတွေကလွဲလို့
ဘာတစ်ခုမှ မတတ်နိုင်ခဲ့ဘူး

ကောင်လေးရေ !
ဆိုင်သူရှိတဲ့နင့်အတွက်တော့
မျှော်လင့်ခြင်းတွေကန့်သတ်
သတိရခြင်းတွေ တစ်ခန်းရပ်လို့
ကဗျာတွေရေးရင်း ကျွန်မ
ကောင်လေးကိုထာဝရ ခင်နေပါရစေ
                အသက်




" အသက်" " နှင်းနေ  "ဆိုတဲ့  အမည်လေးတွေနဲ့ state   တုန်းက ကဗျာလေးတွေ ရေးခဲ့ပါတယ်
စာအုပ်တွေ ရှင်းရင်း ပြန်ရှာတွေ့လို့    အကြင်နာနှင်းဆီ     အနေနဲ့ ရေးပို့မိတယ်

  မနှင်းဆီ

No comments:

Post a Comment