ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Thursday, April 5, 2012

ဒြပ်မဲ့ပြပွဲ(ကဗျာ)



"ဒြပ်မဲ့ပြပွဲ"



အသစ်မဟုတ်ဘူး
နှလုံးသားနဲ့ ရင်းပြီး
ခင်းကျင်းပြသဘူးတဲ့
ပြပွဲတစ်ခုပါ ။ ။ ။

ဒီပြပွဲ မှာ  လမ်းလျှောက်ပြိုင်တဲ့ မြွေနှစ်ကောင်ပါတယ်
ဒါကြောင့်   ခြေမြင်သူချင်း  အကင်းပါးနေကြတာ
ဆန်းသလား?????

(ပထမမြွေ )
 ငါဘယ်တော့မှ မချစ်ဘူး
ဘာကြောင့်လဲဆိုတော့
အရှုံးပေးစရာလက်တစ်စုံ မရှိတော့လို့ပါတဲ့
( အချစ်ကို အရှုံးပေးခြင်းလို့ သူဘာကြောင့် ခေါင်းစဉ်တပ်ပါလိမ့်)


(ဒုတိယမြွေ )
ငါ ဘယ်တော့မှ လက်မထပ်ဘူး
ဘာကြောင့်လဲဆိုတော့
မအ အောင် ကြိုးစား နေရချိန်မို့ပါတဲ့
(  အ တဲ့ သူတွေ လက်ထပ်တာလို့ သူဘာကြောင့်ခံယူချင်သလဲ)

တစ်ဘ၀စာ ကြိုမသိရတဲ့ အချစ်မှာ
သံသရာအဆက်ဆက် ပေါင်းဖက်ချင်သူတွေကရော
( အ တဲ့ သူတွေလား.....)

တုပစရာမလိုတဲ့ အချစ်မှာ
ယုယမှုတွေရနေတာနဲ့တင်
အရူးတစ်ယောက်လိုကျေနပ်နေသူတွေကရော
( အရှုံး  မသိတဲ့ လူတွေလား.....)

တကယ်တော့
အယူမှန်သူနဲ့  အမှန်ယူသူကြား
အချစ်ဟာ   ဒြပ်မဲ့တစ်ခု    ဖြစ်သွားဖူးတယ်

 
                             (အချစ်မဲ့ နှင်းဆီ)

No comments:

Post a Comment