ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Saturday, April 28, 2012

ဝင်ကစွတ်(ကဗျာ)


ဝင်ကစွတ်လိုလူ

``ဝင်ကစွတ်  မြင်ဆွတ်ကကြည်ဖို့ရာ
သည်သို့လာ  ဟိုသို့သွားနှင့်
အငှား ခန္ဓာမြောင်ရတယ်
ဆန်းခေါင်ထိမျိုး``

ဦးကြင်ဥ ရဲ့ ကဗျာ
ငယ်စဉ်အခါ ဖတ်မိ
ဘဝင်ငြိ  အံ့မခန်း
စွဲလန်းခဲ့၏။

ကြီးလာတော့ အတွေးပို
အလိုလိုဆင်ခြင်မိ
ငါ့ခန္ဓာ ဘယ်မှာရှိမှာလဲ
ဘဝသံသရာ အရှည်ကြီးမှာ
အငှားခန္ဓာ မျိုးစုံစွာဆောင်ရတယ်
(ဝင်ကစွတ်လို လူသားပေါ့----)
ကိုယ်မပိုင်ပါ  ဒီခန္ဓာကြီးနဲ့
ဒီဥစ္စာ ဒီပကာသနတွေကိုလ
အငှား ခန္ဓာ ယာယီနားရတယ်ကွယ်
မဆန်းပါ စခန်းသာတစ်ခုလိုပေါ့
စွဲမက်ကာ တွဲလျှက်မပါစေနဲ့
ကွဲလျှက်ခွာ  ဘာဝနာရှု့ကြကွယ်
တွဲဖက်မိအမှား။။။။။




သြော် ---- အနိစ္စ  ဒုက္ခ  အနတ္တ  တစ်ဘဝတာအရေး  ခဏတာလေးကို  ရတာလေးနဲ့ ကျေနပ်ကြပါစို့။
။။။။။။။။။။။ကိုစိုးနိုင်။။။။။။။
။။။။။

No comments:

Post a Comment