ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Saturday, April 7, 2012

ပေါက်ကရပုံပြင်(၁၅)



ပေါက်တတ်ကရ ပုံပြင် (၁၅)

            တစ်ခါက  လင်မယားနှစ်ယောက်ရှိတယ် ။  ယောကျားင်္ဟာ သိပ်ရိုးတယ်။ ရိုးလွန်းတော့ အ-တာပေါ့။  ဒါပေမယ့်  မိန်းမက ယောင်္ကျားကိုသိပ်ကြောက်ရတယ်  ။ တော်ရုံဆိုရင်တောင် ယောင်္ကျားကို ဘာမှပြန် မပြောရဲဘူး။

             တစ်နေ့ကြတော့ ယောင်္ကျားဟာ  ဆီးစစ်ဖို့အတွက်  ညလယ် အပေါ့အပါးသွားရင်း  သူ့ဆီးကို ပုလင်းထဲထည့်ပြီး  ကုတင်ခြေရင်းမှာ  ချထားတယ်။ အဲဒီလို ချထားမယ်ဆိုတာလဲ  မိန်းမကို ကြိုပြောထားတယ်။ မိန်းမက  ရှပ်ပြာရှပ်ပြာနဲ့ နမော်နမဲ့နိုင်တာကို ယောင်္ကျားကသိတယ်။

                အဲဒီညမှာ  သေချာမှာထားမှ  သေချာပဲ  မိန်းမဟာ အပေါ့အပါးထသွားဖို့လုပ်ရင်း  ခြေထောက်နဲ့  တိုက်မိပြီး  ဆီးပုလင်း မှောက်သွားတယ်။  နဂိုထဲက ယောင်္ကျားကိုကြောက်ရတာရယ်  သေချာမှာထားတာကို သေချာဖြစ်တာရတာရယ်ကြောင့် ယောင်္ကျားကို မပြောရဲတော့ပဲ  သူ့ဆီးကို အစားထည့်ထားလိုက်တယ်။  နေပေ့စေ  နောင်ခါလာ နောင်ခါဈေးပဲ။

                နောက်နေ့ကျတော့  ယောင်္ကျားဟာ အဲဒီဆီးပုလင်းလေးကိုယူပြီး  ဆေးခန်းသွားပြီး       ဆေးစစ်တယ်။ တစ်အောင့်ကြာတော့  ဆီးစစ်တဲ့အဖြေ ထွက်လာတယ်။ 

             ``ဝမ်းသာပါတယ်ဗျာ  --  ဆီးစစ်ကြည့်တာ  ကိုယ်ဝန်သုံးလ ရှိနေပါပြီ`` တဲ့

                 ယောင်္ကျားလုပ်သူဟာ  အကြီးအကျယ်ကိုဒေါသတွေဖြစ်သွားတယ်။  ရှုးရှုးရှဲရှဲ  နဲ့အိမ်ကို တန်းပြန်တယ်။ အိမ်ရောက်တော့  မိန်းမကို အော်ကြီးဟစ်ကျယ်ခေါ်တယ်။  မိန်းမလဲသူ့အပြစ်သူသိတော့ မျက်နှာငယ်လေးနဲ့ လာတယ်။ ယောကျာင်္းဟာ  စားပွဲကို ဒုန်းကနဲထုပြီး  ပြောလိုက်တဲ့စကားကြောင့် မိန်းမ မျက်လုံးပြူးသွားရတယ်---

             ယောကျာင်္းလုပ်သူပြောတာက--

        ``အဲဒါတွေ  ကြိုမြင်လို့  ငါ နင့်ကို  ကိုယ့်နေရာကို နေပါ   ကိုယ့်နေရာကိုနေပါ  လို့  ခဏခဏ  ပြောနေတာ  အခုတော့ ဘယ်လိုလုပ်ကြမလဲ  ငါ့မှာ  ကိုယ်ဝန်သုံးလ ရှိနေပြီ-------  အီး ဟီးဟီး``

*************************************************************************************************************************************************
(သဘောပေါက်တဲ့လူ  လက်ညှိုးထောင်  အဲ---မှားလို့)  နားဦးမယ်ဗျ  နှော တခြားဟာတွေက ဆင်ဆာမလွတ်လို့ တင်လို့မသင့်ဘူးထင်တာနဲ့ ဟိုးထားဦးမယ်။ ဒီစာတွေပို့လို့ ကျွန်တော်ကို မလေးစားရင်ရပါတယ်။ ကျွန်တော်က ဟန်မဆောင်တတ်လို့ပါ။ ကိုယ့်ကို လူလေးစားအောင် တမင်ဖန်တီးတာမျိုး ဟန်ဆောင်တာမျိုးလဲ မုန်းသကိုး။    ။
                             အားလုံးကို အစဉ်လေးစားလျှက် ----  ကိုစိုးနိုင်
************************************************************

No comments:

Post a Comment