ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Friday, April 6, 2012

ပြန်မလာတော့ဘူး ---(ကဗျာ)



"ပြန်မလာတော့ဘူး......ဆိုပေမယ့်``




နှလုံးသားထဲက  ကဗျာဥာဉ်တွေကို
တာဝန်ဆိုတဲ့ အလုပ်က  နှုတ်ယူသွားတာတောင်
တစ်ချက်တစ်ချက်မှသာ  အားတဲ့ ငါ့လက်ကလေးက
ကဗျာတွေ ဆက်    ရေးဖွဲ့ ဖြစ်နေသေးတယ်

ခံစားချက်ရှိသော    မရှိသော
အလွမ်းဖြေသော   မပြေသော
ကဗျာပီသော        မပီသော
ကဗျာချစ်သူ လူတိုင်းအတွက်
ပျော်ရွှင်မှုတွေ ထာဝရ ကျွန်မ ပေးပါရစေ

တာဝန်နဲ့ စိတ်ကူး
အိမ်မက်နဲ့ လက်တွေ့
လွန်ဆွဲတဲ့နေ့ ရက်တွေအတွက်
ခန္ဓာ ကိုယ်ကို ထက်ပိုင်းချိုးကြည့်မိတယ်

ကြေမွနေတဲ့ အပိုင်းအစ တွေကို
တစ်စ စီပြန်ဆက်ရင်း
နှင်းဆီ ကဗျာတွေကို ခု အသက်သွင်းလိုက်ပါပြီ
ပြန်မလာတော့ဘူး.......ဆိုပေမယ့်


အကြင်နာနှင်းဆီ

No comments:

Post a Comment