ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Saturday, April 7, 2012

မေတ္တာ(ကဗျာ)



မေတ္တာ

မျက်လုံးရဲ့အစာဟာ
အစိမ်းရောင် ရွက်နုလွှာ ပါဆိုရင်
နှလုံးသား ရဲ့အစာ
မေတ္တာ ဂရုဏာ လို့တင်စားချင်ပါတယ်
မေတ္တာ ငတ်တဲ့ နှစ်လုံးသားဟာ
ရိုင်းစိုင်း ကြမ်းတမ်းမှာပဲ
နူးညံ့ သိမ်မွေ့တဲ့ နှလုံးသားဟာ
ရုပ်ပျို ကိုယ်နုတဲ့ဆေးတစ်ပါးဖြစ်သလို
အသက်ရှည်ပြီး  ကျမ္မာဖို့ အတွက်လည်း
ဘီတာမင်  သတ္ထု ဓါတ်တွေထက်ကောင်းတယ်
။အဲဒီအတွက်။
ငွေ တစ်ပြား တစ်ချပ် မကုန်ဘူး
မေတ္တာ ဆိုတာ ရောင်ပြန်ဟပ်တတ်တဲ့သဘော  ရှိတယ်မဟုတ်လား
မင်းဘက်ကနေ
စစ်မှန်ပြီး ဟန်ဆောင်မှုကင်းတဲ့
မေတ္တာဓါတ်ကို
စိတ်ညွှတ်ပြီး ဖြန့်ကျက်ထားရင်
မင်းပါတ်ဝန်းကျင်က
တူညီပြီး ချမ်းမြေ့တဲ့မေတ္တာဓါတ်တရားတွေ
တုန့်ပြန်ပြီး ရလာလိမ့်မယ်ဆိုတာ
ငါ ---  လောင်းကြေး ထပ်ပြီးတောင်ပြောရဲပါတယ်။





ကိုစိုးနိုင်
ရွှင်လန်းချမ်းမြေ့ကြပါစေ။  

No comments:

Post a Comment