ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Sunday, April 1, 2012

ပုံပျက်သွားသော ကြင်နာမှု

 
 
 
ကြာတော့ ကြာခဲ့ပါပြီ ။ကျွန်တော်သည် အညာမွေးရပ်မပြန်မီ ရွှေတိဂုံဘုရားကို တစ်ယောက်တည်း သွားဖူးသည်။ တောင်ဘက်မုဒ် တွင် ဘုရားရှိခိုးနေစဉ် အနားမှ အဖွားအိုတစ်ဦး က ကျွန်တော်ဘုရားဝတ်ပြုပြီးသည်နှင့်`` မြေးလေးရယ်  အဖွား ပိုက်ဆံပြတ်သွားလို့ အိမ်အပြန်လမ်းစရိတ် လေးလှုပါလားကွယ်`` ဟု အလှုခံသည်။ ကျွန်တော်သည် အဖွားကိုကြည့်ရင်း အလွန်သနားသွားသည်။`` အဖွား ဘယ်ကိုပြန်မှာလဲ ```ဟုမေးရာ  ရန်ကုန်တစ်ဖက်ကမ်း ဒလ ကိုပြန်မှာဟု သိရသည်။ ကျွန်တော့၌ ပါလာသောငွေမှ အပြန်လမ်းစားရိတ်ကလေးပဲ ဖယ်ကာ အားလုံးကို အဖွားအား လှုလိုက်သည်။ ထိုငွေသည် ရွှေတိဂုံဘုရားမှ ဒလကို အခေါက်နှစ်ဆယ် အသွားအပြန် လုပ်နိုင်သည်။ 
အဖွားက ငွေရသည်နှင့် ဘုရားရှိခိုးကာ ကျွန်တော့်ကို ဆုတွေတောင်းပေးနေသည်။ ကျွန်တော်သည် အလွန်စပ်စုတတ်သူဖြစ်ရကား အဖွားဆုတောင်းပြီးလျှင် အလာပ သလာပ စကားပြောလိုသဖြင့် ဆုတောင်းပြီးအောင် စောင့်နေမိသည်။ အဖွားကား ဆုတောင်း၍မပြီးတော့။ ပြီးမယ်လုပ်တိုင်း ကျွန်တော်မထသေးသဖြင့် ဆက်ဆုတောင်းနေပြန်သည်။ ကျွန်တော့ စိတ်ထဲ နည်းနည်းသံသယဝင်လာသည်။ အရင်က ဘုရားရှေ့မှာ လိမ်လည်အလှုခံလိမ့်မည်ဟု လုံးဝမတွေးမိ မတွေးရဲခဲ့ပါ။ကျွန်တော် ထထွက်ခဲ့သည်။ စိတ်ထဲကကြည်နူးစိတ်ကလေးလဲမရှိတော့ ။ ငွေကိုလိမ်တာ ကိစ္စမရှိပါ။ အကြင်နာတရားကို လိမ်တာခံရခက်သည်။ ကျွန်တော်ထသွားပြီး မနီးမဝေးမှကြည့်မိသည်။ နောက်တစ်ယောက် ကိုအလားတူ အလှုခံနေတာ တွေ့ရပြန်သည်။ ကျွန်တော့မှာ လူငယ်ဖြစ်၍ သည်းမခံ နိုင်တော့ပဲ ထိုလူထွက်သွားသည်နှင့် အဖွားနားကပ်ကာ ``အဖွားရယ်  ကျွန်တော်လှုထားတာ တက္ကစီငှားပြန်တောင် ရပါတယ်  ဘာလို့ ဘုရားကုန်းတော်ပေါ် ဘုရားရှေ့မှာ လိမ်လည် အလှုခံနေရတာလဲ`` ဟု ဂရုဏာဒေါသောဖြင့်ပြောရာ အဖွားမှာ`` အေးပါကွယ် ပြန်ပါတော့မယ်  --`` ဟုပြောကာ ထွက်သွားပါသည်။ နောက် အခြားတန်ဆောင်း ကိုပြောင်းသွားခြင်းဖြစ်သည်။  
 
ကျွန်တော်ကျောင်းပြီးတော့ မီဒီယာလောကထဲရောက်သွားသေးသည်။ ဒေါက်တာတင်ထွန်းဦး ၏ ဂျာနယ်တွင် အကူဝင်လုပ်ရာမှ လက်ထောက်အယ်ဒီတာလဲ လုပ်ရသည်။ သတင်းလည်းရေးသည် ။ ထိုအခါ ကျွန်တော်က ထိုအဖြစ် အပျက်လေးကို သတိရပြီး ဘုရားရိပ်၌ မေတ္တာကို လိမ်လည်လှည့်စားယူခဲ့သော အဖွားအကြောင်း စာညွန့်လေးရေးမိသည်။ ထိုအခါ ဒေါက်တာတင်ထွန်းဦးက ကျွန်တော့ကို ခေါ်ပြီး ``မင်းရေးထားတာကိုတော့ သဘောကျပါတယ် ဒါပေမယ့် အခြားရိုးရိုးသားသား ဒုက္ခရောက်နေတဲ့ အဖိုးအို အဖွားအိုတွေအတွက်တော့  ဒီစာဟာ အဆိပ်ဖြစ်စေတယ် ဒါကြောင့် ဒီစာကိုတော့ ဂျာနယ်မှာ မထည့်ပါနဲ့ကွာ--``ဟု   ကျွန်တော်ကိုပြောပါသည်။ အထက်ပါပို့လေးကို ဖတ်ပြီး တိုက်ဆိုင်တာလေးကို သတိရ၍ ရေးသားခြင်းမှတပါး အခြားရည်ရွယ်ချက်မရှိပါ။ အွန်လိုင်းသုံးနေသူများအဖို့ အမှားအမှန်ခွဲခြားနိုင်သော အ၇ည်အသွေး ရှိပြီး ဟုယုံကြည်မိပါသည်.။ 
 
 

No comments:

Post a Comment