ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Friday, April 27, 2012

ဘဝလှိုင်း(ကဗျာ)



ဘဝလှိုင်း

ငါ
ဘဝဆိုတဲ့ ဇာတ်ခုံကြီးပေါ်မှာ
သား သမီးဆိုတဲ့ နေရာနဲ့
အဖေ နဲ့ အမေ ရဲ့ အချစ်ဇာတ်လမ်းမှာ
ဇာတ်ပို့ လုပ်ခဲ့ရပါတယ်။

ငါ
အချိန်တွေကြာ
လူရွယ် ဘဝရောက်လာတော့
ကိုယ်တိုင် မင်းသားလုပ်
အချစ်ဇာတ်ထုတ်အသစ်အတွက်
ကြင်ဖက်လဲ ရွေးခဲ့တယ်။

ငါ
နောင်အချိန်ကြာလာရင်
နောက်ပိုင်းဇာတ်ထုတ်ကြီးကဖို့
ဖိုးဖိုး  ဖွားဖွားဆိုတဲ့ အခန်းက
အသုံးတော် ခံရဦးမှာပဲ။

အဲ--
မိုးရွာ လို့ မီးပျက်
ကံကြမ္မာဆိုတဲ့ဇာတ်ဆရာက
ပွဲမဖျက်သမျှပေါ့လေ။

*************







       ရွှင်လန်းချမ်းမြေ့ကြပါစေ.
       ကိုစိုးနိုင်

No comments:

Post a Comment