ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Monday, April 23, 2012

မိုးမင်းသို့--




အပြစ်ပြောတာ မဟုတ်ပါဘူး
ချစ်ဇောတွေ တကယ်ကြွယ်လို့
အဖြစ်သဘောရယ် ပြောမိတာပ
တွေးချဲ့ချင်စရာ။           

တို့နိုင်ငံ အုပ်စိုးတာက
တို့လူမျိုး  အမှန်တွေပါ
ခါတလေ ယောက်ယမ်း
နယ်ချဲ့ခံ  ကျွန်သဘောက်ဘဝ လိုဗျ
ပြည်သူကို မျက်ကွယ်ပြုပါလို့
အပေါ်ဖားကာ အောက်ဖိတတ်တာလည်း
အရိုးစွဲလို့ အကျင့်တွေပါ
ကျင့်လျှက်သာ မပြတ်တမ်း။     

ပြောပြချင်ပါရဲ့
ရေမြင့်ရင် ကြာတင့်မှာပေါ့
အခြေမြင့်အောင် အရင်ကြိုးပါဦး
ကိုယ်ကတော့ ထရီလျံနာ
တိုင်းပြည်မှာပြာကျ
ဖာဘဝထက် နည်းနည်းသာ
မွဲလျှက်သာ ရှိနေတာကိုဖြင့်
မြင်ရက်တယ် အတ္တသမားတွေကို
မိုးမင်းရယ် မျက်ကွယ်ပြုလေသလား
သူခိုးချင်းဖလှယ် ဆက်ကာသွားရင်တော့
အသက်တစ်ရာ ရက်ကြာကြာ မနေချင်တော့ပါဘူး
ကျွန်သာသာ နွံမှာနစ်လို့ကွယ်
တွေးလျှက်မချင့်အား။               

ကိုစိုးနိုင်




No comments:

Post a Comment