နွေအလွမ်း
နွေအကူး---
လေရူးရယ်တဲ့
တသုန်သုန်
ပင်ဝါးရုံ
ဟိုဆီထက်မှာလ
ရော်ရွက်ဝါ
လေဟုန်စီးပါလို့--
နွေပန်းချီ သွေဖီခဲ့ချင် လဲ---
မလွဲခဲ့ ခိုက်ကြုံ
။ ။
သည်းလှိုက်ရယ်ခုံ ဘယ်ဆီတမ်းရပါ့--
လွမ်းဓါတ်ခံ ရင်မှာငြိနေတော့
``ဥသြ``ငယ် ခွန်းသံဆင့်တယ်---
လွမ်းချင့်
တေးစုံ-----။ ။
နှလုံးသားရယ်ခုံ
ကြင်ဘက်စုံငှက်မောင်နှံက
ကြင်ဘက်စုံငှက်မောင်နှံက
ပျော်မြူးကာ
သရော်လေသလားရယ်ပေါ့
မောင့်ချစ်သူ
ဘယ်မှာလဲ ရယ်လို့
တေးဖွဲ့ကာ မေးလှည့်လာရင်ဖြင့်
ဖော်မဲ့သူ
ဘယ်လိုဖြေရပါ့
လေရူးရယ် မောင့်အလွမ်းတွေကိုဖြင့်--
ပေဖူးဝယ်
ကလောင်မစွမ်းချင်တော့ပါဘူး
လေကြုံသာ ပါးလိုက်ချင်ရဲ့
No comments:
Post a Comment