"ထားရစ်နေလည်းရှင်သန်ဆဲ....ဧပရယ်သက်သေသိပါစေ"
၂၀၀၉ ရဲ့ ဧပရယ် ဒီလိုနေ့လေးတစ်နေ့ ပေါ့
ကိုယ့်ချစ်သူကြိုလောင်းတဲ့ ရေချမ်းတွေ ကြောင့်
မန္တလာရဲ့ ကျုံးဘေးညချမ်း အနမ်းတွေ ဝေသွားတယ်
ကျေးဇူးတင်တယ် ကို !
ပိတောက်တွေ ဘယ်နှစ်ကြိမ်ဖူးဖူး
ကျွန်မရင်ထဲက အချစ်ဦးကို့ ကို
အခုထိ မေ့မပစ်ခဲ့ပါဘူး
ကို ပျော်ရာအရပ်မှာ ရှင်သန်ထွက်သွားနေလည်း
ချစ်ခဲ့ဖူးတဲ့ အချစ်ဦးအဖြစ်
ထာဝရရှင်သန်ရစ်ပါတယ်
အော် ကိုရေ !
ထားရစ်နေလည်းရှင်သန်ဆဲ
ဧပရယ် သက်သေ သိပါစေ
သိပါစေလေ ကိုရေ !
(အကြင်နာနှင်းဆီ)
ဧပရယ်နဲ့ အတူ ချစ်သူတွေ ပျော်ရွှင်ကြည်နူးနိုင်ပါစေ....... .
၂၀၀၉ ရဲ့ ဧပရယ် ဒီလိုနေ့လေးတစ်နေ့ ပေါ့
ကိုယ့်ချစ်သူကြိုလောင်းတဲ့ ရေချမ်းတွေ ကြောင့်
မန္တလာရဲ့ ကျုံးဘေးညချမ်း အနမ်းတွေ ဝေသွားတယ်
ကျေးဇူးတင်တယ် ကို !
ပိတောက်တွေ ဘယ်နှစ်ကြိမ်ဖူးဖူး
ကျွန်မရင်ထဲက အချစ်ဦးကို့ ကို
အခုထိ မေ့မပစ်ခဲ့ပါဘူး
ကို ပျော်ရာအရပ်မှာ ရှင်သန်ထွက်သွားနေလည်း
ချစ်ခဲ့ဖူးတဲ့ အချစ်ဦးအဖြစ်
ထာဝရရှင်သန်ရစ်ပါတယ်
အော် ကိုရေ !
ထားရစ်နေလည်းရှင်သန်ဆဲ
ဧပရယ် သက်သေ သိပါစေ
သိပါစေလေ ကိုရေ !
(အကြင်နာနှင်းဆီ)
No comments:
Post a Comment