ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Saturday, April 7, 2012

စက်ရုံအလုပ်သမားဘဝ



မြန်မာနိုင်ငံမှာ အခြေခံ စက်ရုံအလုပ်ရုံ အလုပ်သမား
တွေရဲ့မျှော်လင့်ချက်ဟာ သာမန်အလုပ်ချိန် (ဂ)နာရီနဲ့ over time (၂) နာရီ
ပေါင်း အလုပ်ချိန် (၁၀)နာရီလုပ်ပြီးစားဝတ်နေရေး ပြည့်စုံစေနိုင်တဲ့
လစာကိုလိုချင်ကြပါတယ်။ လူတိုင်းတစ်နေ့ကိုထမင်း သုံးနပ်စားကြမယ်။
ထမင်းတစ်နပ်ကို ချွေတာရေးစားရိတ် ၅၀၀ နှုံးပဲထား သုံးနပ်ဆိုရင် ၁၅၀၀
တစ်လဆိုရင် ၄၅၀၀၀ လောက်ရှိမှ လူတစ်ယောက် စားရရုံ ရမယ်။ မြန်မာနိုင်ငံမှာ
အခြေခံအလုပ်သမားတစ်ယောက်က တစ်လကို ၄၅၀၀၀နဲ့ ၆၀၀၀၀ လောက်ပဲရတော့
ကိုယ့်လုပ်အားခက ကိုယ်စားတာနဲ့ပဲ ကုန်တယ်။

        ဘယ်မှာလဲ  ဝတ်ဖို့
        ဘယ်မှာလဲ  နေဖို့
        ဘယ်မှာလဲ  လမ်းစားရိတ်
        ဘယ်မှာလဲ  လူမှုရေး
        ဘယ်မှာလဲ  မလုပ်နိုင်မကိုင်နိုင်တော့တဲ့ အဖိုးအဖွားတွေနဲ့
ကလေးသူငယ်တွေအတွက်-----

ရှေးခောတ် ကျွန်စနစ် ရှိတုန်းက နေဖို့ ဝတ်ဖို့ စားဖို့
ကျွန်ပိုင်ရှင်ကတာဝန်ယူတယ်။ အခုတော့စားဖို့ တောင်အနိုင်နိုင်ဖြစ်နေတော့
အင်းးးးး   ကျွန်ဘဝထက်တောင်  ပိုနိမ့်နေသလားပဲ။
ဒါကြောင့် အလုပ်ရှင်က all night over time ခိုင်းရင်လည်း
ဝမ်းမြောက်ဝမ်းသာဆင်းကြတယ်။ ဒါမှ လစာများမှာကိုး ။သာမန်အလုပ်ချိန်နဲ့တော့
ဘယ်လိုမှ မရပ်တည်နိုင်ဘူး။ နောက်ပြီး ကျမ်းမာရေး။ ကျမ်းမာရေးမကောင်းရင်
လက်ထဲမှာ စုမိဆောင်းမိငွေကြေးကရှိတာမဟုတ်
ဘူး။ စားဖို့တောင်
အနိုင်နိုင်ကိုး။ နေစားရိတ် အဆောင်စားရိတ်ကလည်း လစာတိုးတဲ့လတိုင်း
လောဘကြီးတဲ့အဆောင် ပိုင်ရှင်တွေက တိုးပြီးတောင်းကြတော့ သမင်မွေးရင်း
ကျားစားရင်းဖြစ်ရပြန်ရော။ ဒီလိုနဲ့ ရွာက မြှော်လင့်ချက်ကြီးတစ်ခွဲသားနဲ့
မြို့တတ်လာပါတယ်  မှန်းချက်နဲ့ နှမ်းထွက်မကိုက်တော့ပဲ
ပြန်ပြေးကြရတာလည်းအများသား။

အမှန်က အလုပ်သမားတစ်ယောက်မကျမ်းမာရင် အခမဲ့ကုသပေးတဲ့ လူမှုဖူလုံရေး
ဆေးခန်းဆိုတာရှိတယ်။ မကျမ်းမာတဲ့အချိန်မှာ လုပ်အားခကိုလဲ ပေးထားတယ်။
စနစ်ကောင်းတယ် ဒါပေမယ့် အစိုးရအဖွဲ့စည်းက လုပ်တာဆိုတော့
ချောမွေ့မှုမရှိဘူး ။ ကျွန်တော်တို့လူမျိုးကလည်း ရုံး နဲ့ပတ်သတ်ပြီးမှ
လုပ်ရမယ်ဆိုရင် ရှောင်ချင်တယ်။ စိတ်ညစ်မခံနိုင်ဘူး ။ အော်တာဟောက်တာ
လည်းမခံချင်ဘူး။ အဲဒီတော့လည်း ဖူလုံရေးထည့်ဝင်ကြေးတွေဟာ အဝင်လွယ်
အထွက်ခက်ဖြစ်ပြီး အကျိုးအမြတ်ကြီးမှ ကြီးပဲပေါ့။

ခက်တာက မြန်မာနိုင်ငံမှာ အခြေခံ အလုပ်သမားခကို
အနည်းဆုံးဘယ်လောက်ပေးရမယ်လို့ ဥပဒေ မရှိဘူး။အလုပ်ရှင်စိတ်ကြိုက်ပဲ။
အလုပ်သမားရှားရင်  လုပ်ခပိုပေးမယ်။ အလုပ်သမားပေါရင်တော့ ဆောရီးပဲ။
ဒါကြောင့် အလုပ်ရှင်အလုပ်သမားက ဈေးကွက်စီးပွားရေးဆန်တယ်။ အလုပ်ရှင်က
လုပ်အားခ နည်းနည်းပေးပြီး အလုပ်အများကြီးခိုင်းချင်တယ်။ အလုပ်သမားက
အလုပ်နည်းနည်းလေး လုပ်ပြီး လုပ်အားခ အများကြီးလိုချင်တယ်။ ဒါသဘာဝပဲ။
အခုလက်ရှိ စက်မှုဇုံကစက်ရုံတွေက အနည်းဆုံး ၆ လတစ်ကြိမ် လစာတိုးပေးတယ်။
အဲဒါလည်းထုံးစံလိုဖြစ်နေတယ်။ နောက်ထပ်ထုံးစံတစ်ခုက လစာတိုးမယ့်လတိုင်း
ဆန္ဒပြတတ်တယ်။ ဆန္ဒပြရင် မူလတိုးမယ်လို့ကြားထားတာထက် ပိုပြီးရတတ်တယ်။
အဲဒီလိုပိုရလို့ ဝမ်းသာပေမယ့် အမြဲတန်း ဆန္ဒပြပြီးလစာတိုးတောင်းတဲ့
အကျင့်စရိုက်ကြီး စွဲသွားမှာကိုတော့စိုးရိမ်မိတယ်။ အကျင့်စရိုက်ဆိုတာ
စွဲသွားရင်ပြင်ရသိပ်ခက်တယ်ကိုး။

တကယ်တော့ မြန်မာနိုင်ငံကို လာရောက်ရင်းနှီးမြုတ်နှံတဲ့ သူတွေဟာ
အလုပ်သမားခ ဈေးသက်သာ တဲ့မက်လုံးကြောင့်ပါ။ အိမ်နီးနားချင်း နိုင်ငံတွေနဲ့
အလုပ်သမားခတူရင် ဘယ်သူမှလာမှာမဟုတ်ဘူး။ ဒီမှာက အခွန်အခကလည်းကြီး။
မီးမမှန်တော့ ဒီဇယ်နဲ့ မောင်းပြီးအလုပ်လုပ်ရတော့ ငွေပိုကုန်။ အစိုးရ
လမ်းကြောင်းရှင်းရတာလဲ မနည်း။ မရှင်းရတဲ့အခါရှိလည်း ဝန်ထမ်းက
ရှင်းရသလိုကလိမ်ကျ တတ်သေး။ ဒီကြားထဲ ဟိုကအလှုခံလာ ဒီက အလှုခံလာ။ ဒီတော့
ဧရာမ ကုမ္ပဏီကြီးတွေ ဒုက္ခခံမလာဘူး။ ကုမ္ပဏီအသေးတွေပဲလာတယ်။ သူတို့ကလည်း
ဘက်ဂရောင်းမတောင့်တော့ သင်းတို့ကလည်း အလုပ်သမားဆီက လုပ်အားကို
ရသလောက်ညှစ်။ အလုပ်သမားက ခွန်အားမရှိတော့ခံ။ မခံနိုင်တော့လူစုပြီးဆန္ဒပြ။
ကြာတော့ ဂျာအေးသူ့အမေရိုက်ပြီး မုန့်လုံးစက္ကူကပ်ပါလေရော---
အရင်စစ်အစိုးရကပြောတယ်။  စီးပွားရေးပိတ်ဆို့မှုလုပ်ရင် အခြေခံ
ဆင်းရဲသားလူထုပဲထိတယ်ဆိုတာလေ။ ဟုတ်တယ်--- အဲဒီစကားကတော့အမှန်ပဲ။ သူတို့က
ဆင်ပိန်ကျွဲလောက်ရှိသေးတော့ပြသ၁နာမဟုတ်ဘူး။
အထူးသဖြင့်အထည်ချုပ်လုပ်ငန်းပေါ့။ စီးပွားရေးပိတ်ဆို့လိုက်တော့ အမေရိကန်
အော်ဒါမရတော့ဘူး။ အမေရိကန်အော်ဒါက ချုပ်ခဈေးကောင်းရတယ်။ အရည်အသွေးလည်း
အသင့်တင့်ဆိုရတယ်။ ဥရောပအော်ဒါလို ကွာလတီသိပ်မလိုဘုး
။ဒီတော့အမေရိကန်အော်ဒါရှိတဲ့ရုံက အလုပ်သမားဆို လစာအပေါင်း တစ်ကဒ်ကြေး
အားကြီးပဲ။ အဲဒီတုန်းက အလုပ်သမားတွေစိုပြည်ခဲ့တယ်။

နောက်တော့ အမေရိကန်အပါဝင် ဥရောပကရော စီးပွားရေးပိတ်ဆို့တယ်။
အထည်ချုပ်စက်ရုံတွေ မနည်းဘူး ပိတ်လိုက်၇တယ်။
အစိုးရအရာရှိကြီးတွေရဲ့ထမင်းဝိုင်းကတော့ ဟင်းတစ်ခွက်တောင်လျှော့
မသွားဘူး။ စက်ရုံကအလုပ်သမားလေးတွေ
မိသားစုလိုက်ထမင်းငတ်ခဲ့ကြတာလက်တွေ့ပဲ။ကိုယ်က နိုင်ငံရေးသမားမဟုတ်တော့
ကြီးကြီးကျယ်ကျယ်တော့်မသိပါဘူး။ ကိုယ်မြင်တာ ကိုယ်ပြောတာပါ။
ခုဆိုရင် စီးပွားရေးပိတ်ဆို့မှု ရုတ်သိမ်းတော့မယ့်နိမိတ်တွေ မြင်နေရပြီ။
မျှော်လင့်ချက်တွေ ရှိလာပြီ။ အလုပ်ရှင်တွေ လာပြီးလေ့လာနေကြပြီ။

အလုပ်သမားတွေလည်း အလုပ်အကိုင်အခွင့်အလမ်းတွေ
ရွေးချယ်ခွင့်ရတော့မယ်ဆိုပြီး တွေးပျော်နေကြပြီ။ စက်မှုဇုံမှာ
စက်ရုံတွေပေါလို့တော့ကွာ-------- ငါ့လခကို နှိမ်ရဲရင်နှိမ်ကြည့် သိမယ်
ဟင်း  ဟင်းးးး------နဲ့ကြိုပြီးကြိမ်းနေပြီ။ လက်လှုပ်မှ ပါးစပ်လှုပ်
ရတဲ့ဘဝမှာ ဘယ်သူမှ နိုင်ငံရေးစိတ်မဝင်စားနိုင်ဘူး။ ဘယ်သူမတရား မတရား
တစ်နေ့တစ်နေ့ ကိုယ့်ထမင်းကိုယ်ရှာစားရတာ အကြီးဆုံးဒုက္ခဖြစ်နေသကိုး။
အခြေခံ လူုထုရဲ့ စီးပွားရေးတွေ တိုးတတ်လာမှ
ဒီမိုကရေစီလဲပိုပြီးအသက်ဝင်လာမယ်။ မတရားတာကို မတရားဘူးလို့ ပြောရဲလာမယ်။
အူမတောင့်မှ သီလစောင့်ကြတော့မှာကိုး။

ကျုပ်ကတော့ အခြေခံလူတန်းစား တွေအလုပ်အကိုင်အခွင့်အလမ်း တွေပွင့်ပြီး
ကိုယ့်တန်ဖိုးကို ကိုယ်သတ်မှတ်ခွင့်ရအောင်  စီးပွားရေးပိတ်ဆို့တာတွေ
မြန်မြန် ပယ်ဖျက်ပါစေလို့ အမြဲဆုတောင်း နေတယ်ဗျာ။


အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။
ကိုစိုးနိုင်(၁၃-၂-၂၀၁၂)  တနင်္လာနေ့


No comments:

Post a Comment