ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Thursday, April 26, 2012

ဘဝခရီးသည်များ(ကဗျာ)

ဘဝ ခရီးသည်များ

တခါ--တခါ
လူဖြစ်ရတာ 
ဘာအတွက်မှန်းလည်းမသိ
ယောင်တိယောင်ဝါး   ခရီးသွား

တချို့ကလည်း
ဘာသာရေးနဲ့ ကျားကန်
နိဗ္ဗာန်ကို ရည်မျှော်
အကျင့်သီလတွေ ပုံဖော်ပြီး
အဲဒီ ခရီးကို လျှောက်နေကြတယ်။

တချို့ကလည်း 
နိုင်ငံရေးလှိုင်းထဲမှာပျော်
လူသေခဲ့ရင်တောင်
သမိုင်း စာမျက်နှာ   မော်ကွန်းကျန်ခဲ့ချင်တာနဲ့
မာန်အဟုန်နဲ့ ကြိုးကုတ်
နိုင်ငံရေးတွေ လုပ်နေလေရဲ့။

တချို့ကလည်း--
သားစဉ် မြေးဆက်
စီးပွားတွေ အဆက်မပြတ်ရအောင်
အနာဂတ်  အဝေးကြီးကိုမျှော်---
စီမံကိန်းတွေ ဖော်ပြီး
အနာဂတ်အမွေ
ထားခဲ့ဖို့ ကြိုးစားနေလေရဲ့။

ငါ-
ဘယ်လိုရှင်သန်ရမယ်ဆိုတာ
ယောင်ဝါးဝါးဖြစ်နေတာနဲ့
တောင်တွေး  မြောက်တွေး
ကဗျာတွေပဲ  လျှောက်ရေးနေမိကြောင်း။




။။။။။။။။ကိုစိုးနိုင်။။။။။။။

No comments:

Post a Comment