ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Saturday, April 7, 2012

လွတ်လပ်တဲ့လူ(ကဗျာ)


လွတ်လပ် တဲ့လူ
။။။။။။။

ငါဟာ  လူသားတစ်ယောက်ပါ
ဘာဖြစ်လို့  အချစ်ရဲ့ ဒဏ်ရာဒဏ်ချက်အောက်မှာ
လက်မြှောက်အရှုံးပေးရမှာလဲ၊

ငါဟာလူသားတစ်ယောက်ပါ
ဘာဖြစ်လို့ နိုင်ငံရေးနွံ ထဲမှာ
ဘဝကို အဆုံးသတ်ရမှာလဲ

ငါဟာလူသားတစ်ယောက်ပါ
ဘာဖြစ်လို့ စီးပွားရှာရုံသပ်သပ်
ဘဝကို ဖြတ်သန်းရမှာလဲ

ငါဟာ လူသားတစ်ယောက်ပါ
ဘာဖြစ်လို့ ဘာသာရေးရဲ့တုတ်နှောင်မှုတွေထဲ
ရုန်းမထွက်ရဲရမှာလဲ

ငါဟာလူသားတစ်ယောက်ပါ
ဘာဖြစ်လို့ငါ့ဘဝကို ငါ
မပိုင်ဆိုင်နိုင်ရမှာလဲ--

ပတ်ဝန်းကျင်ဟာ  ငါနေတဲ့အိမ်ယာထက်မပို၇ဘူး

ပတ်ဝန်းကျင်ဟာ  ငါ့ဘဝကို လိုတာထက်ပိုမလွှမ်းမိုးစေ၇ဘူး

ပတ်ဝန်းကျင်ဟာ  ငါ့အသိဥာဏ်ကိုကျော်ပြီး ငါ့ဘဝကို ပိုင်စိုးခွင့်မရှိစေရဘူး

ပတ်ဝန်းကျင်ကြောင့်  ငါဒေါသမထွက်ဘူး

ပတ်ဝန်းကျင်ကြောင့်  ငါမငိုကြွေးဘူး

ပတ်ဝန်းကျင်ကြောင့်  ငါမတွေဝေဘူး

ဘာဖြစ်လို့လဲဆိုတော့

ငါဟာ လွတ်လပ်တဲ့သူ ဖြစ်ချင်လို့ပဲ

။။။။။။။။။။။။။။။။။။။။။
။။။။။။။။။ကိုစိုးနိုင်။။။။။။။။


No comments:

Post a Comment