ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Saturday, April 7, 2012

ခွင့်လွတ်ရင်ခွင်(ကဗျာ)

"ခွင့်လွှတ်ရင်ခွင်"


အဆုံးအစမဲ့ ပျံသန်းဖို့  မင်း
လမ်းတွေ့ တောင်
အတောင်ညောင်းတဲ့နေ့
ငါ့ရင်ခွင်ကိုင်းထက်  လာနားလှည့်ပါ

ထာဝရပျံသန်းဖို့   မင်း

အားပြည့်အောင်
ငါ့နှလုံးသားကိုဓါးနဲ့ဆစ်
ငါ့အချစ်မေတ္တာရေ   ဆောင်သွားပါလေ

အသိုက်ဝေးနေ ငှက်ကလေးရေ
ပျံသန်းရင်း လမ်းမပျောက်စေနဲ့ဟာ
အသိုက်ဖွဲ့ တဲ့ ငှက်ထက်
အသိုက်ခိုမယ့် ရက်ရောက်ရင်
ငါ့ရင်ခွင် အသိုက်ဟောင်း
ပြန်ပြောင်းခဲ့ပါ

ငှက်ကလေး ! နင်ပြန်သန်းရာလမ်းဖြစ်အောင်
ငါ့အချစ်တွေ ခင်းပေးထားတယ်
(နူးညံ့ စွာခံစားပြီး စွန့်လွှတ်စိတ်နဲ့ ချစ်တဲ့ နှင်းဆီ)



No comments:

Post a Comment