ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Friday, April 27, 2012

လူမိုက်ကြီး(ကဗျာ)



လူမိုက်ကြီး


ပြောတော့ ဘုရား တရား
လုပ်တော့ မဟားဒရား
သိတာက သပ်သပ်
လုပ်တာနဲ့ မအပ်စပ်
ဘယ်အချက်တွေ ဖောက်ပြား
ဘယ်အမှားတွေ ငါဆင်
ဘယ်ဂွင်တွေ ဖန်တီး
အမြီး အမောက် မတည့်
ဖြစ်ချင်တာတွေလည်း မဖြစ်
မပျက်ချင်တာတွေလည်း ပျက်
ရော ---- ခက်ပြီ။
။။
မသိလို့ လိုချင်တာ ထားပါတော့
သိလျှက်နဲ့ လိုချင်တာ မှားတာပေါ့
ဒီအသက်နဲ့  ဒီခန္ဓာ ရခဲလွန်းပါတဲ့
(မြတ်ဘုရား ဟောကြားခဲ့တာပဲ)
ဥပမာ ဆိုရင်
ကောင်းကင်က ကျလာတဲ့ အပ်ဖျား
မြေပြင်မှာ ထောင်ထားတဲ့အပ်ဖျား နဲ့
တိုက်ရိုက် ထိခတ်မှ
အဲဒါ လူ့တစ်ဘဝ တဲ့
။။
သြော်-- ခုတော့ ငါ့မှာ
ပတ္တမြားရထားတဲ့ မျောက်တစ်ကောင်လို
``အသုံးမချတတ်ပြီမို့   လုံးဝခက်ပြီဗျို့``
အမောဆို့အောင် အော်လိုက်ချင်တယ်။

********************





ရခဲတဲ့ဘဝတစ်ခုကို မှန်ကန်စွာ အသုံးချနိုင်ကြပါစေ။
။။။။ကိုစိုးနိုင်။။။။

No comments:

Post a Comment