ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Friday, April 27, 2012

စိတ်ကူးယဉ်ကမ္ဘာ(ကဗျာ)


စိတ်ကူးယဉ်ကမ္ဘာ
ငွေ ဆိုတာ
အဆင့်မြင့် ပုံနှိပ်ထားတဲ့စက္ကူ
ရွှေ ဆိုတာ
အဝါရောင် သတ္ထုတစ်မျိုး
စိန် ဆိုတာ
တောက်ပတဲ့ ကျောက်ခဲတစ်လုံးထက်
မင်းရင်ကို  မစွဲမက်စေဘူးဆိုရင်
ပကတိ တန်ဘိုးတို့ ရှိတဲ့နေရာ
မင်းသွားဖို့ မဝေးတော့ပါဘူး။

လူတစ်ယောက် အသက်ရှင် ရပ်တည်ဘို့အတွက်
တကယ်လိုအပ်တဲ့အရာတွေဟာ-
ခင်ဗျားတို့ ထင်သလောက်မများဘူး
လောဘရမ္မက်  အာသာပြေဖို့ဆိုရင်တော့
ဒီကမ္ဘာကြီးကို တစ်ယောက်တည်းက အလုံးစုံပိုင်ရင်တောင်
စင်္ကြာဝဠာထိ နယ်ချဲ့
နတ်ပြည်တတ် -------စစ်ထိုး
အဲသလောက် ဆိုးတယ်။

ဒီတော့ဗျာ။--
လျှော့ကြပါ--လျှော့ကြပါ--လျှော့ကြပါ
လောဘ-ဒေါသ-မောဟ တွေကို
စာနာကြပါ-စာနာကြပါ-စာနာကြပါ
အသက်ရှင်ရပ်တည်ဘို့တောင် မပြည့်စုံတဲ့သူတွေကို
ပေးကမ်းပါ-ချီးမြှင့်ပါ-လှုဒါန်းပါ
ကိုယ့်မှာ အလဟသ၁ ပိုနေတဲ့အရာတွေကို
ဒီကမ္ဘာကြီးဟာ
အဲသလိုမျိုးသာဆိုရင်
လက်နက်ဘေး-အငတ်ဘေး
အားလုံးဝေးကြမယ်  ထင်တယ်။


။။။ကိုစိုးနိုင်။။။
။။။ပျော်ရွှင်ချမ်းမြေ့ကြပါစေ။။။

No comments:

Post a Comment