ငါ့ကိုယ် ငါ -----------
ငါ့ဒေါသကို ငါ-------
မထိမ်းချုပ်နိုင်သေးပါဘူး။
ငါ့လောဘကို ငါ--------
မထိမ်းချုပ်နိုင်သေးပါဘူး။
ငါ့မောဟကို ငါ-------
မသန့်စင်နိုင်သေးပါဘူး။
တစ်ခါတလေ---
မစ္ဈရိယစိတ် နဲ့
မနာလိုတာတွေလည်း ဖြစ်လားဖြစ်ရဲ့။
တစ်ခါတလေ---
အမှတ်မဲ့စိတ်နဲ့
သူတစ်ပါးအဆင်း ဘီးတပ်ပေးလား ပေးရဲ့။
တစ်ခါတလေ---
အတင်းစကားတွေလဲ ပြောမိကြ
စိတ်ကြိုက်ပြောပြီးမှ သတိထား
ရပ်ဖို့ သတိထားမိလား ထားမိရဲ့။
အေးလေ--- တစ်နေ့ တစ်နေ့
ငါ့စိတ်မှာ ပေနေတဲ့ အညစ်အကြေးတွေ
ငါ ဆက်ပြီးသန့်စင်နေရမှာပဲ--
သူတစ်ပါးရဲ့ အမှား
ငါ ပြောဖို့မအားဘူး။
သူတစ်ပါးရဲ့ အယူအဆ
ငါ ငြင်းဘို့အချိန်မရဘူး။
သူတစ်ပါးရဲ့ ဆိုးကွက်
ငါ ရှောင်တတ်ဖို့ကြည့်တယ်။
သူတစ်ပါးရဲ့ ကောင်းကွက်
ငါ ဆောင်တတ်ဖို့ကြည့်တယ်။
--------------
ဒီလိုနဲ့ ငါဟာ
ငါ့ကိုယ်ငါ ရဲ့အနား
တစ်ဖဝါးချင်း ချဉ်းကပ်
ငါ့ကိုယ်ငါ ထိမ်းချုပ်တတ်ဖို့
ကြိုးစားနေရတာ
မြင်းရိုင်းတစ်ထောင်ထက်
သိမ်းသွင်းဖို့ ခက်ကြောင်း
ငါ တစေ့တစောင်း သိခဲ့ရတယ်။
မထိမ်းချုပ်နိုင်သေးပါဘူး။
ငါ့လောဘကို ငါ--------
မထိမ်းချုပ်နိုင်သေးပါဘူး။
ငါ့မောဟကို ငါ-------
မသန့်စင်နိုင်သေးပါဘူး။
တစ်ခါတလေ---
မစ္ဈရိယစိတ် နဲ့
မနာလိုတာတွေလည်း ဖြစ်လားဖြစ်ရဲ့။
တစ်ခါတလေ---
အမှတ်မဲ့စိတ်နဲ့
သူတစ်ပါးအဆင်း ဘီးတပ်ပေးလား ပေးရဲ့။
တစ်ခါတလေ---
အတင်းစကားတွေလဲ ပြောမိကြ
စိတ်ကြိုက်ပြောပြီးမှ သတိထား
ရပ်ဖို့ သတိထားမိလား ထားမိရဲ့။
အေးလေ--- တစ်နေ့ တစ်နေ့
ငါ့စိတ်မှာ ပေနေတဲ့ အညစ်အကြေးတွေ
ငါ ဆက်ပြီးသန့်စင်နေရမှာပဲ--
သူတစ်ပါးရဲ့ အမှား
ငါ ပြောဖို့မအားဘူး။
သူတစ်ပါးရဲ့ အယူအဆ
ငါ ငြင်းဘို့အချိန်မရဘူး။
သူတစ်ပါးရဲ့ ဆိုးကွက်
ငါ ရှောင်တတ်ဖို့ကြည့်တယ်။
သူတစ်ပါးရဲ့ ကောင်းကွက်
ငါ ဆောင်တတ်ဖို့ကြည့်တယ်။
--------------
ဒီလိုနဲ့ ငါဟာ
ငါ့ကိုယ်ငါ ရဲ့အနား
တစ်ဖဝါးချင်း ချဉ်းကပ်
ငါ့ကိုယ်ငါ ထိမ်းချုပ်တတ်ဖို့
ကြိုးစားနေရတာ
မြင်းရိုင်းတစ်ထောင်ထက်
သိမ်းသွင်းဖို့ ခက်ကြောင်း
ငါ တစေ့တစောင်း သိခဲ့ရတယ်။
ကိုစိုးနိုင်
No comments:
Post a Comment