ဘဝမှာ လွတ်လပ်ခြင်း၊ ပျော်မွေ့ခြင်း၊ ကိုယ်စိတ်ချမ်းသာခြင်း နဲ့ ပြည့်စုံချင်ရင် ဘာကိုမှ သွားပြီး မငြိတွယ်နဲ့။ အားလုံးရဲ့ အနှောင်အဖွဲ့က လွတ်အောင်နေ။
ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း
Sunday, April 29, 2012
နောင်တ(ကဗျာ)
`` မမြင်ဘူး မူးမြစ်ထင် `` တဲ့
ခေတ်ရေစီးကြောင်း ကိုအကြောင်းပြ
ဖော် ချွတ် တွေခေတ်စား
အနုပညာ တစ်ပဲသား နဲ့
ကာမ ကိုဈေးကွက်တင်
ငွေဖြုံးနိုင်တဲ့သူတွေ ဂွင်တွေ့
မှောင်ရိပ် ထဲမှာ နှစ်ပါးသွားက
ဟုတ်နေကြ ပေါ့------------။ ။
မြန်မာပြည်မှာ---
တစ်ကယ့် အနုပညာရှင်တွေ
ဗိုက်မှောက်ပြီး ရေသောက်နေရလဲ
မြန်မာပြည်မှာ---
ညုတုတု ခရာတာတာ နဲ့
မမြင်သင့်တာတွေ ထုတ်ပြ
တဏှာ ရာဂ နဲ့ မြူဆွယ်
လူငယ်တွေလည်း အဆိပ်ဖြစ်
မှားယွင်းတဲ့ သွေးဆောင်မှုနဲ့ရှေ့ဆောင်
ဗုဒ္ဓဘာသာ နိုင်ငံတောင်ဟုတ်ရဲ့လား
အရှက်တရားမရှိ
တစ်ဖက်သား ငတိကို
ရမက်ပွားငြိအောင်
မော်ဒယ်လ် အမည်ခံထား
နှစ်ပိုင်းတစ်ပိုင်း အပျော်မယ်များလည်း
တစ်နေ့တစ်ခြား ကြီးထွားလာခဲ့။ ။
လုပ်ကြပေါ့လေ-----
အချိန်ဟာ
သူ့ဖာသာ ဆုံးဖြတ်ပါလိမ့်မယ်။
နောင်တ ဆိုတာ နောင်ကျမှ ``တ``ရတာပါပဲ
ညီမလေးတို့ရေ --
နောင်မကျခင် နောင်တ စင်ဖို့
ကိုယ့်ယဉ်ကျေးမှု နဲ့ ကိုယ့်သိက္ခာ
ကိုယ်ကိုယ်တိုင် တန်ဖိုးထားကြပါလို့။ ။
written by Ko Soe Naing
Labels:
ကဗျာများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment