ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Saturday, April 7, 2012

တိုက်ပွဲ(ကဗျာ)


တိုက်ပွဲ



ဘ၀ ဆိုတာ မှန်ကန်မှုတိုက်ပွဲတဲ့
ကြောက်စိတ်တွေဝင်ပြီး
လှည့်ပြန်မသွားရဲအောင်
မေ ဆုံးမ အားပေးဖူးတယ်။

အရွယ်မရောက်ခင်ကတည်းက
တိုက်ပွဲဝင်လိုက်ရတာ  မေရယ်
သမီး ဘ၀ရဲ့စစ်မြေပြင်မှာ ကူသူမရှိ
တစ်ခါတစ်ရံလည်း အားငယ်မိတယ်

အရာရာကိုသည်းခံပြီး မေတ္တာရောင်ပြန်လေးနဲ့ နေတော့လည်း
အစွမ်းမထက်တဲ့ ဆေးဖက်ဝင်အပင်လို ဆက်ဆံခံရတယ်
အမှန်တရားကိုမြတ်နိုးပြီး အားနည်းသူဘက်က ရပ်တည်ပြန်တော့လည်း
ကျောက်တုံးတွေ ရေပေါ် ပေါ်သလို လူမိုက်တွေက သမီးကို
စကားလုံးတွေနဲ့အကြိမ်ကြိမ် ပြန်ဆော်တယ် မေ
သူတပါးအကြိုက်သာလိုက်နေရရင် သမီးဘ၀ အရင် အဟုတ်ဆုံးမယ့်
ပရုတ်လုံးလေးဖြစ်ရော့မယ်
မေ့စကားတွေကို မပယ်ရှားပေမယ့်
တကယ်တော့    ဘ၀ဆိုတာ
 မရပ်မနားပြေးနေရတဲ့ မာရသွန်ပွဲတစ်ခုပါဘဲ
မပူပါနဲ့ မေ
ချန်ပီယံ   ဆု မရခဲ့တောင် 
 ပန်းတိုင်အရောက်လျှောက်လှမ်းး------ခဲ့မယ်

နှင်းဆီ


No comments:

Post a Comment