ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Sunday, April 29, 2012

ပစ္စုပ္ပန်(ကဗျာ)


ပစ္စပ္ပုန်

မိတ်ဆွေ
အတိတ်ကံကိုပဲပုံချ
နုံအအ  အသိနဲ့
ချိနဲ့ပြီးတော့လည်း
လှဲ မနေနဲ့။

အနာဂတ် တမလွန်ဘဝကို တတ်မက်
ပျက်ချော်ချော် အတွေးတွေနဲ့
လေထဲမှာ အိမ်ဆောက်
အိပ်မက်တွေနဲ့ပဲ  လမ်းပျောက်မနေနဲ့။

 ပစ္စပ္ပုန် ကိုကောင်းအောင်ကြည့်
အတိတ်ရှိလည်း ကိစ္စမရှိဘူး
အနာဂတ်လာလဲပြသ၁နာ မဟုတ်ဘူး
အတိတ်နဲ့ အနာဂတ်ဟာ
ပစ္စပ္ပုန်လောက် မသေချာတာကတော့
မင်းလဲသိပါတယ်။

အတိတ်ဆိုတာ
ပစ္စပ္ပုန်ရဲ့  အရိပ်ဆိုရင်
အနာဂတ်ဆိုတာ 
တစ်နေ့တော့ ပစ္စပ္ပုန်ဖြစ်လာမှာပဲ။




ကိုစိုးနိုင်
ပျော်ရွှင်ချမ်းမြေ့ပါစေ

No comments:

Post a Comment