ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Sunday, April 29, 2012

ညီငယ်သို့(ကဗျာ)



ညီငယ်သို့-----

 ညီငယ်ရွှေသွေး ၊ နာဘိတေးလော့
နောင်သောအခါ  ၊   ဒီကမ္ဘာဝယ်
တတ်သိပညာ ၊   နေရာအစေ့
လွှမ်းခြုံပြည့်လျှင်၊   အတတ်မရှိ
အသိဗလာ  ၊  လူသတ္တဝါတို့
စားဘို့လည်းခက်  ၊  အနေကျပ်ကာ
သတ္တဝါမခြား ၊   လူ့ဘုံကြားဝယ်
သွေဖယ်လျှက်သာ ၊   နိမ့်ပါးမှာမို့
ငယ်စဉ်တောင်ကျေး ၊   ကလေးဘဝ
အခြေစ၍ ၊   တတ်သိပညာ
အလိမ္မာကို ၊   ပျင်းရိမဖက်
အောင်စိတ်ဓါတ်ဖြင့် ၊   ကျက်၊ မှတ်၊ ကြံ၊ ပွား
လုံ့လထားလော့ ။
တတ်သိပညာ ၊ ထိုဝိဇ္ဇာသည်
မှော်ဆရာသဖွယ် ၊ တန်ခိုးကြွယ်၍
လူ့ဘုံအလယ် ၊ တင့်တင့် တယ်အောင်
စွမ်းဘွယ်အတိ ၊  ဆောင်နိုင်ဘိသည်
အသိစိတ်ထဲ၊  သံနှယ်စွဲကာ
ကြိုးစားပါလော့---     ကြိုးပါလော့။
အောင်ပန်းဆင်လော့---  ဆင်လေလော့။           ။

ကိုစိုးနိုင်

No comments:

Post a Comment