ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Sunday, April 1, 2012

မောင်ရွှေဂဲ(ကဗျာ)



ဘယ်သွားနေလဲ

``ဘယ်သွားနေလဲ   မောင်ရွှေဂဲ ``ဟု
ငယ်ငယ်ကတည်းက သင်ခဲ့ရသည့်
ကဗျာ လေးအတိုင်း
နေ့တိုင်းမေးပါ။

စီးပွားလည်းရှာ  ပညာလည်းသင်
ကျန်းမာ ရွှင်လန်း  မိတ်သဟာလွှမ်းမည့်
ကောင်းလမ်းကိုသာ
ဦးတည်ပါသလော

စီးပွားကိုဖျက် အမှောင်ဘက်ကမ်း
ဘိန်းခန်းကစော်  အပျော်လိုက်ကြူး
မူးရူး ဖိုက်တင်  ရန်ရှာချင်သည့်
အမှောင်လမ်းကိုသာ
ဦးတည်ပါသလော

``ဘယ်သွားနေလဲ မောင်ရွှေဂဲ``ဟု
ငယ်ငယ်ကတည်းက သင်ခဲ့ရသည့်
ကဗျာလေးအတိုင်း
နေ့တိုင်းမေးပါ

သင်သွားချင်၇ာ ရောက်နိုင်ပါသည်
လမ်းမှန်ဘို့သာ
ရွေးချယ်ပါစို့။



No comments:

Post a Comment