ခွေးကို ရန်မူ
ရိုက်သော လူ
ရိုက်သူလဲ ခွေး
ခွေး လဲ ခွေး ။ ။တဲ့----
နံရံပေါ်က ဘယ်သူရေးထားမှန်းမသိတဲ့ ကဗျာတိုလေး ဖတ်ရင်း အတွေးနယ်ချဲ့မိတယ်ဗျ။ အတွေးနယ်ချဲ့ရင်း ဦးကျော်ဟိန်း နဲ့ ကိုကျော်သူတို့ သရုပ်ဆောင်ထားတဲ့ ``အကြွေး`` ဇာတ်ကားက စိတ်ထဲရောက်လာပြန်ရော ---------
ဦးကျော်ဟိန်းက ခေတ်ပျက်လူမိုက် --- လူရိုက်တာ လူသတ်တာလောက်ကတော့ ထမင်းစား ရေသောက် ---- တရားတာ မတရားတာ နားမလည်ဘူး---- သူ့ကိုကလန်ကဆန်လုပ်ရင် ရန်သူပဲ---- ကျော်သူနဲ့ ဇင်မာဦးနဲ့ က ရည်းစား --- ပြသ၁နာတစ်ခုဖြစ်တော့ ဇင်မာဦးက လူမိုက်ကြီး ဦးကျော်ဟိန်းကို ဓါးမနဲ့ဝင်ခုတ်တယ်---- ပုခုံးမှာ အရိုးထိပြီး ဓါးမတန်းလန်းကြီးကျန်ခဲ့တယ်---
ကိုကျော်သူက လက်တုန့်ပြန်ဖို့ကြိုးစားတယ်--
ကိုကျော်သူက ရှင်ပြုပွဲပြီးတဲ့အထိ စောင့်မယ်လို့ တစ်ထစ်လျှော့လိုက်တယ်---
ရှင်ပြုပွဲအပြီး နောက်တစ်နေ့မှာ ကိုကျော်သူဟာ မြင်းစီးပြီး သေနတ်တစ်လက်နဲ့ ရောက်လာခဲ့တယ်။
ဦးကျော်ဟိန်းက လဲ အဆင်သင့်ပါပဲ --- ကျေနပ်စွာနဲ့ ကိုကျော်သူရဲ့ လက်တုန့်ပြန်မှုကို လက်ခံပါ့မယ်.။
ပစ်လိုက်ပါ -- မိုက်ကြွေးကို သွေးနဲ့ဆပ်ပါ့မယ်။
ဒါပေမယ့် တကယ်နောင်တရနေတဲ့ စိတ်သစ် လူသစ်ကြီး ဦးကျော်ဟိန်းကို ကိုကျော်သူက မပစ်ပဲ -- အိမ်ထဲမှာ ချိတ်ဆွဲထားတဲ့ ဦးကျော်ဟိန်းဓါတ်ပုံရဲ့ နှဖူးကို ပစ်ခွဲလိုက်ပြီး မြင်းကိုဒုန်းစိုင်းထွက်ခွာသွား
ဘဝရဲ့မိုက်ကြွေးတွေကို မဆပ်လိုက်ရတဲ့ ဦးကျော်ဟိန်းတစ်ယောက် အရှုးတစ်ယောက်လို -----`` ငါ့ကိုသတ်သွား ----- မင်း ငါ့ကိုသတ်သွား `` ဆိုပြီး အရူးတစ်ယောက်လိုအော်ဟစ်ရင်း ဇာတ်သိမ်းပေးထားတယ်--
ဘာကြောင့်လဲ----
ခွင့်လွှတ်ခြင်း ဆိုတဲ့ကျည်ဆန်ဟာ သူ့နှလုံးသားကို ဖောက်ခွင်း ဖျက်ဆီးလိုက်တယ်--
အပြစ်ရှိတဲ့သူဟာ နောင်တ တစ်ကယ်ရနေတဲ့အချိန်ကြရင် ခွင့်လွှတ်ခြင်းဟာ သူ့အတွက် အကြောက်ဆုံးတုန့်ပြန်မှုပဲ ။
ကဗျာလေးပြန်ဖတ်ကြည့်မိတယ်---
ခွေးကိုရန်မူ
ရိုက်သောလူ
ရိုက်သူလဲခွေး
ခွေးလဲခွေး ။ ။
No comments:
Post a Comment