ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Thursday, May 3, 2012

ကျောက်ဆစ်လူ(ကဗျာ)

 

ကျောက်ဆစ်လူ


လာမခြောက်နဲ့
မကြောက်တတ်ဘူး။
လာမမြှောက်နဲ့
မမြောက်တတ်ဘူး။
လာမရိနဲ့
မညိတတ်ဘူး။
လာမရွဲ့နဲ့
မတည့်တတ်ဘူး။
လာမငိုနဲ့
မပြိုတတ်ဘူး။
လာမညုနဲ့
မနုတတ်ဘူး။
လာမလိမ်နဲ့
မကျိန်တတ်ဘူး။
လာမကောက်နဲ့
မဖြောင့်တတ်ဘူး။
လာမဆွယ်နဲ့
မလွယ်တတ်ဘူး။

ငါ့စိတ်ငါ့ကိုယ်
အလိုမလိုက်
ထိမ်းချုပ်ခိုက်မို့
လှိုင်းရိုက်ပုတ်ခံ
လောကဓံကို
ဖန်ဖန်ဆင်ခြင်
တည်ငြိမ်ချင်မိ
အသိလှိုင်းထဲ
တည်ငြိမ်မြဲသည့်
ကျောက်ဆစ်လူသား
ဖြစ်ချင်သားပေါ့။           ။

ကိုစိုးနိုင်

1 comment:

  1. အားလုံးကိုအရမ်းသ​ဘောကျတယ်​အကိုရာ​လေးစားပါတယ်

    ReplyDelete