`` အပြုံး `` ဆိုတာ
သိပ်ချစ် စရာကောင်းပါတယ်
ဒါပေမယ့် တစ်သက်လုံး
`` သံတမန် ``အပြုံး မပြုံးနဲ့
ငါသိပ်မုန်းတယ်.။ ။
``အမုန်း``ဆိုတာ
အရသာ သိပ်ခါးတယ်
ဒါပေမယ့် တစ်သက်လုံး
ခံစားပြီး ရင်နာမဆုံးမှာစိုးလို့
မင်း ငါ့ကိုမမုန်းပါနဲ့။ ။
ဥပေက္ခာဆိုတာ
ခုခေတ်မှာ ဈေးပေါ ပါတယ်
မချစ် - မမုန်း - မပြုံး - မမဲ့
ငါနေခဲ့တဲ့ဘဝ
ကျင့်သားတောင်ရခဲ့။
ဖြစ်ချင်တာမဖြစ်ရမှတော့
ဖြစ်နေတာကိုပဲ လက်ခံရ
နေသားတောင်ကျ လို့------------။ ။
(ဆန္ဒ နဲ့ဘဝ တစ်ထပ်တည်းကျနိုင်ကြပါစေ)
No comments:
Post a Comment