ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Friday, May 11, 2012

တွေးမိတွေးရာ


အစိပ်

လူအပါအဝင် သက်ရှိသက်မဲ့တွေအားလုံးကို အစိပ် အပိုင်းလေးတွေနဲ့ စုစည်းတည်ဆောက်ထားပါတယ်။ ဥပမာ အဆောက်အဦးတစ်ခုမှာ အုတ်၊ သဲ၊ ကျောက်၊ ဘိလပ်မြေ၊ သံ၊ သစ်၊ သွပ် စတဲ့အစိပ်အပိုင်းတွေနဲ့ တည်ဆောက်ထားတယ်။ လူဆိုရင်လည်း မျက်စိ၊ နား ၊ နှာခေါင်း၊ အရေပြား၊ သွေး၊ အူု၊ အသည်း၊ အဆုပ်၊ ဆံပင် စတဲ့ စတဲ့ အစိပ်အပိုင်းလေးတွေနဲ့ စနစ်တကျဖွဲ့စည်းပြီး လူရယ်လို့သတ်မှတ်ကြတယ်း။ ဒီအစိပ်အပိုင်း လေးတွေကလည်း တစ်ခုစီမှာသီးခြား အရည်အသွေးကိုယ်စီရှိကြပါတယ်။ မျက်လုံးဆိုပါတော့ မှုံတဲ့မျက်လုံး၊  ကျဉ်းတဲ့မျက်လုံး၊ ဝိုင်းတဲ့မျက်လုံး၊ စွေတဲ့မျက်လုံး၊ လှတဲ့မျက်လုံး စသဖြင့်ပေါ့။ သွားဆိုရင် ညီတဲ့သွား၊ ကျဲတဲ့သွား ၊ ဝါတဲ့သွား၊ ဖွေးတဲ့သွား၊ ကွမ်းဂျိုးကိုက်နေတဲ့သွား၊ သွားတပ်ပါတဲ့သွား အစရှိသဖြင့်ပေါ့။ အရပ်ဆိုရင်လည်း ပုတယ်၊ ရှည်တယ်၊ ပိန်တယ်၊ ဝတယ်၊ အသားဆို ရင် ဖြူတယ်၊ ညိုတယ်၊ မဲတယ် ရှိကြပါတယ်။မြတ်စွာဘုရားက အဲဒီအစိပ်အပိုင်းတွေအပေါ် ငြိတွယ်တဲ့ တရားတွေကို ပယ်ပါတယ်။ မငြိတွယ်အောင် ပယ်သတ်ဖို့လည်း ဟောပြောခဲ့ပါတယ်။ ဒီတော့ အစိပ်ဟာ လောကီလောကုတ် နှစ်ဖြာသော အကျိုးအတွက် အဓိကမကျပါဘူး။ ဒါပေမယ့် ယခုလက်ရှိမှာတော့ ပလက်စတစ်ဆာဂျီနည်းပညာတွေ၊ ဓါတုပစ္စည်း ဖြစ်တဲ့ မိတ်ကပ၊်အလှဆီ စတဲ့ပစ္စည်းတွေနဲ့ လူအများဟာ အစိပ်ပေါ်မှာ တပ်မက်ငြိတွယ် ကြပြီး ဇရာနဲ့ မတည်မြဲတဲ့တရားကို မျက်ကွယ်ပြုဘို့ ကြိုးစားနေကြတာပါပဲ။

အစု

အစိပ်အပိုင်းလေးတွေ စုစည်းလိုက်ရင် အစုဆိုတာ ဖြစ်ပေါ်လာမယ်။ အုတ်၊ သဲ၊ ကျောက်၊ ဘိလပ်မြေ၊ သံ တို့နဲ့ ဖွဲ့စည်းထားရင် တိုက်အိမ်ဖြစ်လာမယ်။ သစ်သား၊ ဓနိ၊ ဝါး၊ နှီး တို့နဲ့ဖွဲ့စည်းထားရင် သစ်သားအိမ် လေးဖြစ်လာမယ်။ လူတစ်ယောက်မှာလည်း ဖွ့စည်းထားတဲ့ အစိပ်တွေပေါ်မူတည်ပြီး ယောင်္ကျား ၊ မိန်းမ၊ ကွဲသလို သက်တမ်းပေါ်မူတည်ပြီး ကလေး ၊ လူငယ်၊ လူကြီး စသဖြင့် ကွဲသွားမယ်။ အစိပ်ပေါ်မှာ ဗုဒ္ဓဟာ ငြိတွယ်ခြင်းမရှိသလို အစုပေါ်မှာလည်း အဓိကမထားပါဘူး။ ဗုဒ္ဓရဲ့ စိတ်သဘောတော်အရ ဗုဒ္ဓဟာ ယောင်္ကျား မိန်းမ၊ ဆင်းရဲချမ်းသာ၊ အသားဖြူမဲ၊ ဇာတ်နိမ့်ဇာတ်မြင့် ၊ ဘာကိုမှ မခွဲခြားပါဘူး။ လူကို လူလို့ပဲ တန်းတူ သတ်မှတ်ပါတယ်။ ဘုရင်နဲ့ ဆင်းရဲသား တန်းတူအခွင့်ရေးပေးပါတယ်။ မဟာဒုတ် ဥပမာပေါ့။ နှောင်းလူတွေကသာ အချို့နေရာတွေကို အမျိုးသမီးများ မဝင်ရလို့ သတ်မှတ်ကြတာပါ။ အဲဒီခောတ်က ရုပ်ရည် အသားအရည် ဇာတ်နိမ့်ဇာတ်မြင့် ဆင်းရဲချမ်းသာ အလွန်ခွဲခြား ဆက်ဆံတတ်တဲ့ ပုဏ္ဏားကြီးတွေဟာ မြတ်စွာဘုရားကို တော်တော်ကဲ့ရဲ့ နှိမ့်ချတတ်ပါတယ်။ ဒါပေမယ့် မြတ်စွာဘုရားက လုံးမမတုန်လှုပ်ခဲ့ပါဘူး။ 

အမှု

အမှုဆိုတာက ဘာလဲ။ အမှုဆိုတာ အစုရဲ့ လုပ်ရပ်၊ အစုရဲ့ စိတ်နေသဘောထား၊ အစုရဲ့ပြုမူနေထိုင်မှု၊ အစုရဲ့အရည်အသွေး၊ အစုရဲ့ ကံ၊ အစုရဲ့ စာရိတ္တ စသဖြင့်ပေါ့။ သက်မဲ့အနေနဲ့ဆိုရင် အရည်အသွေးကို ဆိုလိုတာပါ။ အဲဒါဟာ အရေးကြီးပါတယ်။ အရာရောက်ပါတယ်။ လောကီကိစ္စအဝဝမှာရော လောကုတ္တရာ ဆိုတဲ့ သံသရာက လွတ်မြောက်စေမှုမှာရော အဓိကကျပါတယ်။ လူတစ်ယောက်ဟာ ငယ်ငယ်ကတည်းက ဆရာဝန်ဖြစ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်ခိုင်ခိုင်မာမာနဲ့ ကြိုးစားအားထုတ် သင်ကြားလေ့လာခြင်းဆိုတဲ့ အမှု ကိုပြုခဲ့ရင် အဲဒီလူဟာ ဆရာဝန်ဆိုတဲ့ အကျိုးရလဒ်ရမှာပဲ။ ဆရာဝန်တစ်ယောက်ကြုံတွေ့ရမယ် ကောင်းကျိုးတွေရော  ဆိုးကျိုးရော ခံစားရမှာပဲ။ ဒါအမှုရဲ့အကျိုးသက်ရောက်မှုပါ။ အဲဒီလိုပါပဲ ရုပ်ပိုင်းဆိုင်ရာ ချမ်းသာကြွယ်ဝမှု အတွက်ဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာ ချမ်းသာသုခရရှိဘို့ဖြစ်စေ၊ သံသရာ အကျိုးစည်းပွား ကိုယုံကြည်လို့ဖြစ်စေ၊ အားလုံးသော အကျိုးတရားရလဒ်တွေဟာ အမှုရဲ့အစွမ်းသတ္တိတွေပါပဲ။ ဒီနေ့မှာတော့ လူလူချင်းဆက်ဆံပေါင်းသင်းကြရာမှာ  အဲဒီလူရဲ့ အမှုသဘော ထက် အဲဒီလူပိုင်ဆိုင်တဲ့ အစုတွေဖြစ်တဲ့ ချမ်းသာကြွယ်ဝမှု၊ ရာထူးအာဏာတွေ၊ ထင်ပေါ်ကျော်ကြားမှုတွေကိုပဲ အပေါ်ယံကြည့်ပြီး မျှော်လင့်ချက် တွေနဲ့ ပေါင်းသင်းဆက်ဆံတတ်ကြပါတယ်။ စိတ်သဘောထားပြည့်ဝပြီး သူတော်ကောင်းစိတ်အပြည့်ရှိသလို ဓနဥစ္စာ အာဏာရာထူး ပြည့်တဲ့သူဟာ အရာရာပြည့်စုံလို့ ပေါင်းသင်းဆက်ဆံသူများကြတာ မှန်ပေမယ့် တစ်ခါတစ်လေ အလွန်စိတ်ထားကောက်ကျစ်အာဏာမူးရစ်၊ ကြီးနိုင်ငယ်ညှင်း  စိတ်ထားရှိသူတွေကိုတော့ ဘယ်လောက် ဥစ္စာရှိပါစေ--ဘယ်လောက်အာဏာ ကြီးပါစေ သူ့ရဲ့အမှုဆိုတဲ့ ယုတ်ညံ့မှုကို ကြည့်ပြီးရှောင်သင့်တယ်လို့ ထင်ပါတယ်။ 




ကိုစိုးနိုင်

No comments:

Post a Comment