ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Thursday, May 3, 2012

ပေါက်တတ်ကရပုံပြင်(၂၃)



ပေါက်တတ်ကရပုံပြင် (၂၃)

             တစ်ခါက ရွာတစ်ရွာမှာ လင်မယားနှစ်ယောက်ရှိတယ်။  လင်ယောင်္ကျားမှာ  အကျင့်တစ်ခုရှိတယ်။ သူတို့နှစ်ယောက် အိမ်ထောင်ကျတဲ့အချိန် စကတဲက မိန်းမလုပ်သူဟာ အိပ်ရေးပျက်ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ယောင်္ကျားဖြစ်သူ ဟာ အိပ်ယာဝင်ခါ နီးတစ်ကြိမ်  ညလယ်မှာတစ်ကြိမ် မနက်မိုးလင်းခါနီးတစ်ကြိမ်  အမြဲနှောင့်ယှက်တယ်။ (သဘောပေါက်) ။

             အဲဒါ တစ်ရက်တစ်လေမဟုတ်ဘူး နေ့စဉ်နေ့တိုင်း  တစ်လလောက်ကြာတော့ မိန်းမလုပ်တဲ့သူ ဟာ သီးမခံနိုင်တော့ဘူး ။  သူကြီးက သူ့ရဲ့ ဘကြီး ။ ဒီတော့ ဒီကိစ္စကို သူကြီးကိုတိုင်တယ်။ သူကြီးက သူ့တူမ ဒုက္ခကို သဘောပေါက်တယ်။ ဒါပေမယ့် လင်မယား ကိစ္စဆိုတော့ သူ့အာဏာ သုံးလို့အဆင်မပြေဘူး။

        အဲဒါနဲ့ အကြံထုတ်တယ်။  အကြံတစ်ခုရသွားတယ်။ အဲဒါကတော့ သူ့တူမ သုံးရက်လောက်အနား ရလည်း မနည်းဘူး လို့တွေးပြီး  သူ့တူမယောင်္ကျားကို တစ်ခြားဒေသကို ရပ်ရေးကိစ္စတစ်ခု ဖန်တီးပြီး လွှတ်လိုက်တယ်။ တူမကလဲ သဘောတူတယ်။

            ဒီလိုနဲ့ သူလဲ  သူကြီးအာဏာကို မလွန်ဆန်နိုင်တော့ တစ်ခြားအရပ်  ကို သုံးရက်ကြာ ခရီးထွက်ရ တော့တာပေါ့.။  အဲဒီတော့မှ သူကြီးတူမလည်း အိပ်ရေးဝဝ အိပ်ရတော့တယ်။ ဒီလိုနဲ  သုံးရက်ဟာ ခဏလေးနဲ့ ကုန်သွားတယ် ။  သူ့ယောင်္ကျားလဲ ရွာကိုပြန်ရောက်လာတယ်။  မိန်းမကတော့ သူ့ဘကြီး သူကြီးရဲ့ အကြံကြောင့် သူ့ယောင်္ကျား သုံးရက်ခရီးထွက်ရတာကို တွေးတွေးပြီး ပြုံးပြူံး  ပြုံး ပြုံး  လုပ်နေတယ်။ အဲဒါကိုမြင်တော့ ယောကျာင်္းဟာ ဒေါသဖြစ်ပြီး  ပြောလိုက်တဲ့စကားကြောင့် မိန်းမသတိတောင်လစ်သွားတယ်။

          ပြောလိုက်တဲ့စကားက --လဲ     ကြည့်ဦး။

    ``ပြုံးပြုံး    ပြုံးပြုံး မလုပ်နဲ့ သုံးသုံးလီ ကိုး ``  တဲ့။                   


တိန်----



××××မှတ်ချက် ။    ။ကောင်မလေးတွေပြုံးပြုံး  ပြုံးပြုံး လုပ်လျှင် သွားမပြောမိပါစေနဲ့×××××××××××××လူတော်တော်များများသိတဲ့ဟာသတစ်ခုဖြစ်မှာပါ။။။။။။။။။

No comments:

Post a Comment