ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Wednesday, May 2, 2012

ခြားနားချက်(ကဗျာ)


 

ခြားနားချက်


ခန္ဒကိုယ် အလှဆင်ဘို့အတွက်

မိတ်ကပ်တွေ ၊ အလှဆီတွေ

ပလက်စတစ်ဆာဂျီ ပညာတွေနဲ့ 

ဖက်ရှင်ဒီဇိုင်နာတွေ

မော်ဒယ် သင်တန်းတွေတတ်ပြီး

တစ်ဦးနဲ့ တစ်ဦး

တစ်ဦးကနေ အများကို ဆွဲဆောင်နိုင်ဘို့အတွက်

ငွေကုန်ကြေးကျခံပြီး

ကြိုးစားနေကြတဲ့ခောတ်ကြီးထဲမှာ--

ဘာကြောင့်များ

စိတ်ဓါတ်လေးတွေ လှဘို့

ခံယူချက်လေးတွေ ကြည်စင်ဘို့

ရည်ရွယ်ချက်လေးတွေ သန့်ရှင်းဘို့

ယုံကြည်ချက်လေးတွေ ဖြူစင်ဘို့

သဘောထားလေးတွေ ငြိမ်းချမ်းဘို့ 

ကြိုးစားနေကြတဲ့သူတွေ

တစ်နေ့တစ်ခြား နည်းနည်းလာနေသလိုပဲ။

ငါကတော့လေ-------

တောက်ပတဲ့ရောင်စုံကြားထဲက

စွဲမက်ဖွယ်ကောင်းတဲ့

ရှိုက်ဖိုကြီးငယ် အသွယ်သွယ်နဲ့ 

ရင်သပ် ရှု့မောစေရတဲ့အလှထက် 

နူးညံ့သိမ်မွေ့တဲ့

အေးချမ်းမှုတွေ လွှမ်းခြုံနေတဲ့

ရင်ကို အေးမြသွားစေတဲ့

ပူလောင်တတ်မက်မှုတွေ ကင်းစင်တဲ့

ယဉ်ကျေးတဲ့အလှ 

နူးညံ့တဲ့ အပြုံး

သာယာတဲ့ အသံလေးတွေကိုပဲ 

ကြည်နူးစွာနဲ့ ချစ်နေချင်တယ်။



ကိုစိုးနိုင်

No comments:

Post a Comment