ကျုပ်က ဘုန်းကြီးကျောင်းနဲ့ ဘယ်လိုရေစက်ရှိလဲမသိဘူး ။ (၇) တန်းရောက်တာတောင် ဘုန်းကြီးကျောင်းမှာ အဆောင်လိုနေပြီး ကျောင်းတတ်ရတယ် ။
ဘုန်းကြီးကျောင်းက နေပြီးကျောင်းတတ်တဲ့ ကျောင်းသားတွေကလည်း စာတော်ကြသကိုး -- ဒီတော့ အချိန်မှန် ဘုရားရှိခိုး စာကျက် အိပ် ဆွမ်းခံလိုက် စတာတွေကို စနစ်နဲ့ ဇယားနဲ့ ပုံစံသွင်းထားတော့ ဘုန်းကြီးကျောင်းကို ကျုပ်မိဘတွေက ထားပြီပေါ့ ------
နေ့စဉ်လုပ်ရတဲ့ အထဲမှာ ဘုရားဝတ်ပြုစာကျက်တာနဲ့ အတူ မအိပ်ခင် ဘုန်းကြီးကိုလဲ ဝတ်ဖြည့်ရတယ်(နှိပ် ပေးရတယ်)။ ကုသိုလ်ရသလို ငရဲလဲ ရခဲ့ရတဲ့ အဖြစ်လေးကို ရီချင်လို့ ပြန်ပြောပြပါရစေ---ကျုပ်တို့နေတဲ့ ဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော်ကြီး“ဟာ နှယ်နှယ်ရရ မဟုတ်ဘူး -- မြို့နယ် သံဃ နာယက ဥက္ကဌ ဖြစ်သလို ဘွဲ့ထူး ဂုဏ်ထူးတွေလဲရှိတဲ့ သီလ သမာဓိ ပညာနဲ့ ပြည့်စုံတဲ့ ဆရာတော်ကြီးပါ-----
ဘုန်းကြီးက သူ့ကို ဝတ်ဖြည့်တိုင်း ဆုံးမစကား တရားစကားလေးတွေ
ပြောဆိုဆုံးမပါတယ် --အဲဒီလိုဆုံးမရင်း အနှိပ်ခံရင်းနဲ့
အိပ်ပျော်သွားတတ်တယ် -- ဘုန်းကြီးလိုပြောရင် ကျိန်းတယ်ပေါ့
-- မျက်စိထဲမြင်အောင် နှိပ်ပေးရပုံကိုပြောပြမယ် -- အမြဲတန်းကျောင်းသား
၆ယေက်လောက် ဝတ်ဖြည့်ရတယ် အလှည့်ကျပေါ့ လက်နှစ်ဖက် ပေါင်နှစ်ဖက်
ချေသလုံးနှစ်ဖက် ပေါင်း၆ယောက် မျက်နှာချင်းဆိုင် နှိပ်တယ် -- အလယ်မှာ
ဘုန်းတော်ကြီးက ပက်လက်အနှိပ်ခံရင်း အိပ်ပျော်နေတတ်တယ်--
ဘုန်းကြီးအဲသလို အိပ်ပျော်သွားပြီဆိုရင် နှိပ်ရတာလဲကြာနေပြီဆိုရင် ဘုန်းကြီးကို မနှိုးရဲတဲ့အခါ ပေါင်ရင်းကို တံတောင်နဲ့ နာနာလေး လှိမ့်ပြီးထောင်းရတယ် --- အဲဒီအခါမှ ဘုန်းကြီးကနိုးပြီး အထာပေါက်ကာ --ကဲ ကဲ တော်ကြတော့ တော်ကြတော့ သွားအိပ်ချေတော့ လို့ပြောပြီး သူလဲ သွားကျိမ်းတယ်----
အဲသလိုမလုပ်ရင်လဲ ဘုန်းကြီးဘေးမှာ ကျမ်းတစ်ပြေးတဲ ကိုယ်ပါရောအိပ် လိုက်ကြတယ် --ဘုန်းကြီး နီုးလာတဲ့အခါ ဘုန်းကြီးက ကျောင်းသားတွေကို ခေါင်းအုန်း ခုပေးရ စောင်ခြုံပေးရ နဲ့ သူတို့ကိုပြန်ပြုစုရပြန်ရော ----
ပြောချင်တာက ခုမှစမှာ --အဲဒီညက ကျုပ်ရယ် မောင်မှုး ရယ် သက်ထွန်းဦးရယ် အေးကိုရယ် နောက်နှစ်ယောက် မမှတ်မိတော့ဘူး ၆ယောက်ဝတ်ဖြည့်ရင်း ရောက်တတ်ရာရာပြောကြတယ် ဘုန်းကြီးကလဲ အနှိပ်ခံရင်း အိပ်ပျော်နေပြီ---
အဲဒီအချိန်မှာ အသံတိတ် ဗုံးတစ်လုံးပေါက်ကွဲလာတယ် -- ဟုတ်ကဲ့ အီးပေါက်တာပြောတာပါ အသံမကြားပေမယ့် အနံ့ကတော့သက်သေပေါ့ --လက်မှာ နှိပ်ပေးနေတဲ့တစ်ယောက်က ဘုန်းကြီး မနံအောင် ယပ်တောင်နဲ့ ဖြည်းဖြည်းရင်းခပ်ရင်း သူပေါက်တယ် မင်းပေါက်တယ်နဲ့ ငြင်းနေကြတယ်---
နောက်ဆုံးခြောက်ယောက်ရှိတာ ငါးယောက်က မိတ်ဖွဲ့မိသွားပြီး တစ်ယောက်တည်းသမား မောင်မှုးကိုဝိုင်းစွတ်စွဲတော့တ.
---- အီးပေါက်တဲ့အကောင် မအေပေး ---နှမပေး --- ဘာဖြစ်တယ် --ညာဖြစ်မယ်
-------------------- ဆိုပြီး ယုတ်ယုတ် မာမာတွေ ဆဲရော -----
အသံလဲနည်းနည်းကျယ်လာတာပေါ့
ဒီတော့မှ အိပ်နေတဲ့ဘုန်းကြီးနိုးလာပြီး ပြောလိုက်တဲ့စကားကြောင့် အားလုံးခေါင်းတွေကြီးကုန်ကြတယ်-
---- ဟ ကောင်တွေ တော်ကြတော့ တိတ်ကြတော့ အီးပေါက်တာ ငါ ဟ ----- တဲ့
( ဟုတ်ကဲ့ ဘုန်းကြီးကို ကျုပ်တို့ အီးပြသ၁နာ မှာထည့်မှ မစဉ်းစား မိဘဲကိုး )
No comments:
Post a Comment