ဦးသိန်းစိန် နိုင်ငံတော်သမ္မတအဖြစ်တာဝန်ယူပြီး ဦးသိန်းစိန်ရယ် ဒုသမ္မတ သီဟသူရဦးတင်အောင်မြင့်ဦး နဲ့ ဒေါက်တာစိုင်းမောက်ခမ်း တို့ရဲ့ ကိုယ်ရေးအကျဉ်းများ သတင်းစာတို့ ဂျာနယ်တို့မှာ ဖော်ပြမယ်ထင်ပြီး စောင့်ဖတ်ပါတယ် ။ ကျွန်တော်ပဲအသုံးမကျလို့လား မသိဘူး မတွေ့မိဘူးဗျ။ နိုင်ငံခြားက ခဏပဲလာတဲ့ ဝန်ကြီးချုပ်တို့ သမ္မတတို့တောင် သူတို့ရဲ့ကိုယ်ရေးရာဇဝင်အကျဉ်းကို ဖော်ပြတတ်ကြတယ်။ အနည်းဆုံး ငါးနှစ်အုပ်ချုပ်မယ့် သူတွေကို ဘာဖြစ်လို့ မဖော်ပြလဲမသိဘူး။ (ဖော်ပြခဲ့ပါတယ် ဆိုရင်ကျွန်တော်ညံ့လို့ ဆောရီးပါ)။
ဦးသိန်းစိန် နိုင်ငံတော်သမ္မတကြီးတာဝန်ယူပြီး ဒုတိယနေ့မှာ ဦးသိန်းစိန်စစ်တပ်အရာရှိကြီး ဘဝက သူ့လက်အောက်မှာတာဝန်ထမ်းဆောင်ခဲ့ ဖူးတဲ့ လက်ရှိလဲညွှန်ကြားရေးမှုး တစ်ဦးဖြစ်တဲ့သူဆီက သမ္မတကြီးအကြောင်း ပြောပြလို့တစ်ချို့သိခဲ့ရတာကို ပြန်ပြောပြချင်ပါတယ်။
`` အခုသမ္မတကြီးက စိတ်ထားအလွန်ပျော့ပြောင်းတယ်ဗျ --- ဒုသမ္မတ ဦးတင်အောင်မြင့်ဦးနဲ့ မတူဘူး။ ဦးတင်အောင်မြင့်ဦးလည်း စိတ်ဓါတ်ကောင်းပေမယ့် ခုချိန်ထိသူ့တပည့်တွေကို ငါ ကိုင်တုတ်တုန်းဗျ။ စိတ်ဆတ်တယ်ပေါ့။ `` ``စစ်တပ်မှာ အရာရှိကြီးတွေ အိမ်သာတတ်ရင် အတွင်းဂလန့်မထိုးရဘူး ပြီးတော့အရေးပေါ် သတိပေးစက်လဲကိုင်ထားရတယ်။ အဲဒီစနစ်က သမ္မတကြီးရဲ့အသက်ကို ကယ်လိုက်နိုင်တာပဲ ။ တစ်နေ့မှာ သမ္မတကြီး ကရေအိမ်ဝင်တုန်း နှလုံးရှော့ ဖြစ်ပြီး မေ့သွားတယ်။ သတိမလစ်ခင် အချက်ပေးခလုတ်ကို နှိပ်လိုက်မိတော့သူ့ကို အရေးပေါ်ကယ်တင်နိုင်ခဲ့တယ်။ နိုင်ငံခြားမှာ ခွဲစိပ်ကုသမှုခံယူပြီး နှလုံး ခုန်ရာမှာ အကူပေးတဲ့စက်ကိုတပ်ဆင်ထားရတယ်။ အခုချိန်ထိ အဲဒီစက်အကူနဲ့ နှလုံးခုန်တာကိုထိမ်းချုပ်ရတုန်းဆိုတော့ သူ့တပည့်တွေက သူ့ကို
ကွယ်ရာမှာ နာမည်ပြောင် ခေါ်ကြတယ်။ (နာမည်ပြောင်ကိုပြောခဲ့သော်လည်း
မမှတ်မိတော့ပါ)(ထိုဖြစ်စဉ် ဖြစ်တုန်းကသမ္မတကြီးမဟုတ်သေးပါ)
အဲဒီလိုကြားရတော့ အော်-- ငါတို့သမ္မတကြီးက စိတ်ထားကောင်းတယ်လို့ကြားရပြီးေ ပျာ်ရွှင်ခဲ့ပါတယ် ။ ဒီ့နောက် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့တာတို့ 
မြစ်ဆုံကိစ္စတို့ နိုင်ကျဉ်း လွတ်ပေးတာတို့ -------စသဖြင့်ဝမ်းသာစရာတွေ
ဆက်တိုက်ကြားရပြန်တော့ အော်ငါကြားဖူးတာ တစ်ကယ်ပါလားလို့
ထပ်ဆင့်ဝမ်းသာရပြန်တယ်။
နောက်ထပ်ကြားမိတာကတော့ ငယ်သူငယ်ချင်းတွေကို အလွန်ကြောက်တဲ့သမ္မတကြီးတဲ့။ လူတိုင်း ငယ်သူငယ်ချင်းတွေကိုဘယ်သူမှမမေ့ ပါဘူး။ ငယ်သူငယ်ချင်းသမ္မတကြီးဖြစ်ပြီဆိုတော့ ဝမ်းသာအားရလာကြမှာပဲ။ လာတဲ့အခါ ရိုးရိုးသားသား ဝမ်းသာဂုဏ်ယူလို့လာတဲ့သူရှိသလို အခွင့်အရေးလိုချင်လို့လာတဲ့သူလဲ အများကြီးပါမှာပါ။ အခွင့်အရေးတောင်းမယ့်သူကများနေေ တာ့
သမ္မတကြီးဟာ ငယ်သူငယ်ချင်းဆိုရင် သူရဲသူဘက်ထက်ကြောက်ပြီး အမြန်ပြန်ပြန်
လွှတ်နေတဲ့အတွက် သူ့ငယ်သူငယ်ချင်းတွေက အလွန်စိတ်ဆိုးနေကြောင်း
သူ့သူငယ်ချင်းတစ်ယောက်ကရင်ဖွင့် တာကို တစ်ဆင့်ကြားသိခဲ့ရပါတယ်။
အရင်တုန်းက ယုံကြည်ချက်နဲ့ ဆန္ဒပြတဲ့သူတွေကို ဖမ်းဆီးရာမှာ တိုက်ရိုက်တာဝန်ရှိတဲ့ဦးခင်ညွ န့်ကို
ခွင့်လွှတ်နိုင်တယ်ဆိုရင် အဲဒီတုန်းက တိုက်ရိုက်တာဝန်မဟုတ်တဲ့အတွက်
ဝင်ရောက်စွက်ဖက်ခွင့်မရှိခဲ့တဲ့ လက်ရှိသမ္မတကြီး ကိုလည်း
စစ်မှုထမ်းအရာရှိကြီးဖြစ်ခဲ့တာ တစ်ခုတည်းနဲ့ အပြစ်မမြင်ကြပဲ လက်ရှိ
သူ့ရဲ့ပစ္စုပ္ပန်လုပ်ရပ်တွေကို ထောက်ခံအားပေးရင်း သူ့ရဲ့ကျမ္မာရေးကိုလည်း
ကောင်းမွန်အောင်ဝိုင်းဝန်းဆုတော င်းပေးစေချင်ပါကြောင်း။
သမ္မတကြီး ကျမ္မာပြီး တိုင်းသူပြည်သားတွေရဲ့ အသံကိုနားစွင့်ကာ အနာဂတ်မှာ ကောင်းစွာတာဝန်ထမ်းဆောင်နိုင်ပါ စေ။
written by ko soe naing
`` အခုသမ္မတကြီးက စိတ်ထားအလွန်ပျော့ပြောင်းတယ်ဗျ --- ဒုသမ္မတ ဦးတင်အောင်မြင့်ဦးနဲ့ မတူဘူး။ ဦးတင်အောင်မြင့်ဦးလည်း စိတ်ဓါတ်ကောင်းပေမယ့် ခုချိန်ထိသူ့တပည့်တွေကို ငါ ကိုင်တုတ်တုန်းဗျ။ စိတ်ဆတ်တယ်ပေါ့။ `` ``စစ်တပ်မှာ အရာရှိကြီးတွေ အိမ်သာတတ်ရင် အတွင်းဂလန့်မထိုးရဘူး ပြီးတော့အရေးပေါ် သတိပေးစက်လဲကိုင်ထားရတယ်။ အဲဒီစနစ်က သမ္မတကြီးရဲ့အသက်ကို ကယ်လိုက်နိုင်တာပဲ ။ တစ်နေ့မှာ သမ္မတကြီး ကရေအိမ်ဝင်တုန်း နှလုံးရှော့ ဖြစ်ပြီး မေ့သွားတယ်။ သတိမလစ်ခင် အချက်ပေးခလုတ်ကို နှိပ်လိုက်မိတော့သူ့ကို အရေးပေါ်ကယ်တင်နိုင်ခဲ့တယ်။ နိုင်ငံခြားမှာ ခွဲစိပ်ကုသမှုခံယူပြီး နှလုံး ခုန်ရာမှာ အကူပေးတဲ့စက်ကိုတပ်ဆင်ထားရတယ်။ အခုချိန်ထိ အဲဒီစက်အကူနဲ့ နှလုံးခုန်တာကိုထိမ်းချုပ်ရတုန်
အဲဒီလိုကြားရတော့ အော်-- ငါတို့သမ္မတကြီးက စိတ်ထားကောင်းတယ်လို့ကြားရပြီးေ
နောက်ထပ်ကြားမိတာကတော့ ငယ်သူငယ်ချင်းတွေကို အလွန်ကြောက်တဲ့သမ္မတကြီးတဲ့။ လူတိုင်း ငယ်သူငယ်ချင်းတွေကိုဘယ်သူမှမမေ့
အရင်တုန်းက ယုံကြည်ချက်နဲ့ ဆန္ဒပြတဲ့သူတွေကို ဖမ်းဆီးရာမှာ တိုက်ရိုက်တာဝန်ရှိတဲ့ဦးခင်ညွ
သမ္မတကြီး ကျမ္မာပြီး တိုင်းသူပြည်သားတွေရဲ့ အသံကိုနားစွင့်ကာ အနာဂတ်မှာ ကောင်းစွာတာဝန်ထမ်းဆောင်နိုင်ပါ
written by ko soe naing
No comments:
Post a Comment