ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Tuesday, May 15, 2012

ကြိုးစကား(ကဗျာ)




မျိုးတုံးပျောက်ကွယ်သွားနိုင်တဲ့  သံယောဇဉ်ကြိုးစကား

ရင်ထဲမှာ---
ဒေါသတရားတွေ ခံနေတဲ့အခါ
``မင်္ဂလာပါ``ဆိုတဲ့စကား
နှုတ်ဆွံ့လို့သွားတယ်။

ရင်ထဲမှာ---
မာန်မာန တရားတွေခံနေတဲ့အခါ
``ကျေးဇူးတင်ပါတယ်``ဆိုတဲ့စကား
နှုတ်ဆွံ့လို့သွားတယ်။

ရင်ထဲမှာ---
အတ္တတရားတွေခံနေတဲ့အခါ
``တောင်းပန်ပါတယ်`` ဆိုတဲ့စကား
နှုတ်ဆွံ့လို့သွားတယ်။

ရင်ထဲမှာ---
မနာလိုမှု မဇ္ဈရိယတွေပြည့်နေတဲ့အခါ
``ဂုဏ်ယူပါတယ်``ဆိုတဲ့စကား
နှုတ်ဆွံ့လို့သွားတယ်။

ရင်ထဲမှာ---
မောဟတရားတွေ ပြည့်နေတဲ့အခါ
အမှားကို ဝန်ခံတဲ့စကား
ဆွံ့အလို့သွားတယ်။

ရင်ထဲမှာ---
အကြောက်တရားတွေပြည့်နေတဲ့အခါ
အမှန်တရားကိုပြောမယ့်စကား
နှုတ်ဆွံ့လို့သွားတယ်။

ဒီလိုနဲ့--
လူတွေရဲ့ရင်ထဲမှာ
စေတန်နတ်ဆိုးတွေဝင်လာရင်
သာယာငြိမ့်ညောင်းတဲ့
သံယောဇဉ်ကြိုး စကားများ
ပျောက်ဆုံးလို့သွားမှာ
နှမြောမိပါရဲ့။    

ကိုစိုးနိုင်

No comments:

Post a Comment