ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Friday, May 11, 2012

ကိုင်း ဘာတတ်နိုင်သေးလဲ(ကဗျာ)

ကိုင်း --- ဘာတတ်နိုင်သေးလဲ

NLD ကို---
တခဲနက် အားပေးကြတာကိုတောင်
မြန်မာလူမျိုးတွေရဲ့
``ခွေးချင်းကိုက်ရင်တောင် ဝိုင်းကြည့်တတ်တဲ့အကျင့်``လို့
မဖြစ် ညစ်ကျယ် အရှက်တရားမဲ့
အမှန်တရားတွေကိုလည်း မငဲ့ကွက်
ပြောထွက်ခဲ့တဲ့ ပါးစပ်ပေါက်တွေ------
ဆွေစဉ် မျိုးဆက်
ညစ်ပတ်လာတဲ့ အတွေ့အကြုံနဲ့
ဥာဏ်နီ ဥာဏ်နက်တွေ အစွမ်းကုန်သုံးပြီး
ဖျက်ခဲ့တာတောင်
ကျွန်တော်တို့ အမြဲလေးစားတဲ့
ဗိုလ်ချုပ်ရဲ့သွေး
ကျွန်တော်တို့ နှလုံးသားထဲ
စီးဆင်းနေဆဲဆိုတာ
သက်သေပြလိုက်တာပဲ။

``ဂုဏ်ယူပါတယ်ခင်ဗျာ----``
ရလဒ် ဒီလိုရှိလာမယ်ဆိုတာ
မျှော်လင့်လာခဲ့ပေမယ့်
အပြတ်အသတ်
အရှက်ဟက်တတ်ကွဲအောင် လုပ်လိုက်တာ
အားတောင်နာပါရဲ့ (ဆောရီးပါ)
နောင်လာမယ့် လေးနှစ်မှာ
ပြည်သူ့အကျိုးကို မငဲ့ကွက်
အာဏာကိုပဲမက်တဲ့
အသိဥာဏ် နလပိန်း
ခိုးသားငါးရာတို့ကို ချိန်း(Change) ပြီးရင်
အနာဂါတ်မြန်မာ
တောက်ပလာအောင်
စိတ်ကောင်းရှိသူတွေနဲ့လက်တွဲ
(ကျွန်တော်တို့နိုင်ငံကို)
ဆင်းရဲတွင်းက
ဆွဲတင်ပေးပါ ---  အမေ။      



No comments:

Post a Comment