ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Friday, May 11, 2012

အကယ်၍(ကဗျာ)


အကယ်၍--

တိုင်းသူပြည်သားတွေကို
လူတန်းစေ့ချမ်းသာစေချင်ရင်
ဗဟိုလ်ထိမ်းချုပ်မှုနဲ့
အာဏာရှင် လက်သင့်ရာဝါဒ
ပါးကိုပါးရမယ်။
လူ့အခွင့်အရေးဆိုတာ
လူတိုင်း တန်းတူအခွင့်အရေးရှိတာကို ပြောတာ
``နောက်ခံဘတ်ဂရောင်း``ဆိုတဲ့
အတိတ်က အရိပ်ဟောင်းကြီးကို မစွန့်ကြရင်
ဘိုးဘိုးအောင် နဲ့ ရှင်အဇ္ဇဂေါဏ တို့ကယ်ရင်တောင်
လူမွှေးပြောင်မှာမဟုတ်ဘူး။
သွေးဆိုတာ
ခန္ဓာကိုယ်အနှံ့ နေရာမလပ်စီးဆင်းမှ
ကျမ်းမာသန့်ရှင်း ရောဂါကင်းတဲ့ခန္ဓာ
ဖြစ်သလိုပါပဲ
ငွေဆိုတဲ့  ဓနဥစ္စာ
တိုင်းပြည်အနှံ့
အဟန့်အတားကင်းစွာနဲ့
ပျံ့နှံ့ခွင့်ရှိရမယ်
အဲဒီလိုမဟုတ်ဘဲ
အာဏာရှင်နဲ့ လက်ဝေခံတို့ဆီကိုသာ
တောင်လိုယာလို စုပုံနေရင်တော့
နေရာအနှံ့သွေးမရောက်တဲ့ခန္ဓာ
ကျုံလှီပုတ်ပြတ် နေတဲ့ လူမမာလို
ငါတို့နိုင်ငံလည်း
ဆင်းရဲတွင်းနက်နေဦးမှာပဲ။        ။


ကိုစိုးနိုင်

No comments:

Post a Comment