ပေါက်တတ်ကရပုံပြင်
မြန်မာစကားပုံတစ်ခုအကြောင်းပြော ပြချင်တယ်။ ``မိအေး နှစ်ခါနာတယ်`` ဆိုတာ ကြားဖူး ပြောဖူးကြမယ်ထင်တယ်။ မိအေးနဲ့ပတ်သတ်ပြီး နောက်ထပ်စကားပုံတစ်ခုက ``မိအေးအော်တာသာ လူသိတယ် ဂဏန်းညှပ်တာ လူမသိဘူး``
တဲ့။
ရှေးကတည်းက မြန်မာလူမျိုးတွေဟာ စကားပြောရင်
စကားပုံနဲ့ အခိုင်းအနှိုင်းလေးနဲ့ ဝေဝေဆာဆာ ပြောတတ်ကြတယ်။ ရသမြောက်သလို တကယ်လဲဆိုလိုရင်းကို ပိုတွင်ကျယ် စေပါတယ်။
စကားပုံဖြစ်ပေါ်လာပုံသာ မသိတော့ရင်သာ မသိမယ်
အသုံးတွင်ကျယ်ဆဲဖြစ်တဲ့ မိအေးနှစ်ခါနာ ရတဲ့အကြောင်း ပြောပြမယ်။ မူကွဲတွေလည်း အများကြီးရှိချင်ရှိမယ်နော် ။ ကျွန်တော်သိတာပြောပြတာ။ ခေါင်းစဉ်အတိုင်း ပေါက်တတ်ကရ
ပုံပြင်ပဲမှတ်ပါ။ ကိစ္စ တစ်ခုထဲနဲ့ နှစ်ကြိမ်ဆက်တိုက်နစ်နာတဲ့အခါမှာ ``ဟုတ်ပ
--- သူ့မှာ မိအေးနှစ်ခါ နာရတယ်``လို့ပြောတတ်တယ်မဟုတ်လား ။
မိအေးနှစ်ခါနာ
ဇတ်လမ်းက ဒီလိုဗျ။ တစ်ခါတုန်းက ရွာတစ်ရွာမှာ အလွန်ရိုးအ လွန်းတဲ့ မိအေး ဆိုတဲ့ ကောင်မလေး နဲ့ မိအေးရဲ့ ရိုးအတာကို သိတဲ့ လူလည်ကောင်
ဖိုးခွေး ဆိုတဲ့ ကောင်လေး နှစ်ယောက်ရှိတယ်။ သူတို့နှစ်ယောက်လုံးက နွားကျောင်းတဲ့အလုပ်လုပ်တယ်။ နွားကျောင်းတယ်ဆိုတာ နွားတွေကို အစာစားဖို့ အုပ်လိုက်တောထဲ လွှတ်ကျောင်းတယ် အဲဒီအခါ လူတွေစိုက်ပျိုးထားတဲ့
စိုက်ခင်းတွေ ထဲ ဝင်မစားအောင် နွားကျောင်းသားက ထိမ်းပေးရတယ်။ မိအေးနဲ့ ဖိုးခွေးက နွားကျောင်းရင် အတူတူ ကျောင်းတယ် ။ ဆိုလိုတာက
မိအေး နွားတွေနဲ့ ဖိုးခွေးနွားတွေ အတူတူ တစ်အုပ်ထဲပေါင်းပြီး အတူထိမ်းကျောင်းတာ။
တစ်နေ့ကျတော့ မိအေးက အပေါ့အပါး သွားချင်တာနဲ့ ဖိုးခွေးကိုပြောတယ်--
``ဖိုးခွေး
ငါ့နွားတွေရော သေချာကြည့်ထားလိုက်ဦး ငါ ရှုးပေါက်ချင်လို့``
`` အေးပါ--
ငါလဲရှုရှုးပေါက်ချင်နေတာနဲ့အတော် ပဲ နင်သွားရင်
ငါရှုရှုးပါယူသွားပေး``
``နင်ကတော်တော် အပျင်းကြီးတာပဲ-- ကဲ ပေးမြန်မြန်---``
မိအေးက
တုန်းတုန်း အအ ဖိုးခွေးက လူလည်ပတ်ကား။ စဉ်းစားသာကြည့် ရှုရှုးကို ဘယ်လိုလူကြုံထည့် ပေးမှာလဲဆိုတာ။ အတော်ဆိုးတဲ့အကောင်-- ဒီယုံမြင်လို့ ဒီခြုံထွင်လိုက်တာလေ-----
×××××××××
မိအေးကလည်း တုန်းလိုက်အလိုက်တာ လွန်ရောဆိုပဲ။
အိမ်ကျတော့ အဲဒီကိစ္စကို ပြန်ပြောတယ်။
ဖိုးခွေးရယ်လေ--- သူ့ကိုနွားခဏကြည့်ခိုင်းပါတယ်။ သူ့ကိစ္စကိုဘယ်လို လုပ်ပေး၇တယ်ပေါ့--
ဒီတော့မှ
လူကြီးတွေက မျက်လုံးပြူး မျက်ဆံပြူး ခေါင်းကို ``ဒေါက်`` ကနဲ ခေါက်ပြီး --- ``ဟဲ့ မိအေး တုန်းလှချည်လား အ--လှချည်လား ဖိုခွေးလူလည်လုပ် သမျှ နင်ဒီလောက်တောင်မသိဘူးလား ဆူတာပေါ့။
နောက်နေ့ မိအေးလည်း တောထဲမှာ ဖိုးခွေး
နဲ့တွေ့တော့ ဒေါနဲ့ မောနဲ့--
``ဟဲ့ ဖိုးခွေး နင်တော်တော်
လူလည်ကျတာပါလား --- နင် ငါ့ကို ငတုန်းမ
မှတ်နေလား မနေ့က နင့်ရှုရှုးတွေ ခုပြန်ယူ
`` တဲ့
ဖိုးခွေးလည်း အေးပါဟာ------ဆိုပြီး --------------//??????????---- ---
ကဲ ပရိသ၁တ်တို့ရေ အဲဒါသာကြည့်တော့ မိအေး နှစ်ခါနာ တာလေ။ ။
``မိအေး အော်တာသာ လူသိတယ် ဂဏန်းညှပ်တာ လူမသိဘူး``
မိအေး နှစ်ခါနာတာ သိသွားတော့ သင်းကို ရွာမှာ ထားလို့ မဖြစ်တော့ပါဘူး
ဆိုပြီး သူ့အဒေါ်တွေရှိတဲ့ အောက်ပြည်အောက်ရွာကို လွှတ်လိုက်တယ်။ အောက်ပြည်မှာ
စပါးစိုက်ကြတဲ့အခါ ရေနက်ကွင်းဆိုတော့ လယ်ထဲမှာေ၇က
ပေါင်ရင်းလောက်တောင်ရှိတယ်။ အောက်သူတွေကတော့ အထာနပ်ပြီးသားဆိုတော့
ကောက်စိုက်တဲ့အခါ ထမိန်ကို အရှက်လုံရုံလောက်ကိုတိုတို ဝတ်ထားတယ်။
အညာသူမိအေးက အဲဒီအထာကို သိတာမဟုတ်ဘူး။ ကောက်စိုက်တဲ့အခါ
ကောက်စိုက်ခရင်းခွနဲ့ စွတ်ကနဲ စွတ်ကနဲ ရေနက်ထဲစိုက်ရတယ်။ မိအေးကို
ထမိန်တိုတိုဝတ်ခိုင်းတာ ပြောမရဘူး။ ရှက်တော်မူသတဲ့။
ဒီလိုနဲ့ ကောက်စိုက်လာလိုက်တာ လယ်တစ်ဝက်လောက်လဲပြီးရော
ပြသ၁နာပေါ်ပါလေရော။ လယ်ဂဏန်းက မိအေး ထမီံထဲဝင်သွားတယ်။ ထမိန်က
ရှည်တော့ပြန်ထွက်လို့ မတတ်တော့ဘူး။ ကြာတော့ စိတ်ဆိုးလာတယ်ထင်တယ် မိအေးရဲ့ အဓိက ကိုပယ်ပယ်နယ်နယ်ကို
ညှပ်ထားလိုက်တော့တယ်။ မိအေး အော်လိုက်တာ တအားပဲ-----
အသံတွေပြာအောင်သာအော်တယ် ဟဲ့ဘာဖြစ်တာလဲ မေးလည်း မပြောဘူး။ တော်တော်ကြာတော့
မေးမရတာနဲ့ လူတွေက စိတ်ဆိုးကြတယ် ။ အလကား အရူးထအော်တာလားပေါ့။ ဂဏန်းလည်း
စိတ်ကြိုက်ညှပ်ပြီး လွှတ်လိုက်ကာ ထွက်ပေါက်၇သွားတယ်ထင်တယ်။
ဒီတော့မှ မိအေးလည်း အအော်ရပ်တော့တယ်--
မိအေးက ပြောတယ်---
``မိအေး အော်တာသာ လူသိတယ် ဂဏန်းညှပ်တာ လူမသိဘူး `` တဲ့။ အဲဒီတော့မှ ရိပ်မိကုန်သကိုး။ ရယ်လိုက်ကြတာ တအားတဲ့။
No comments:
Post a Comment