ဘဝမှာ လွတ်လပ်ခြင်း၊ ပျော်မွေ့ခြင်း၊ ကိုယ်စိတ်ချမ်းသာခြင်း နဲ့ ပြည့်စုံချင်ရင် ဘာကိုမှ သွားပြီး မငြိတွယ်နဲ့။ အားလုံးရဲ့ အနှောင်အဖွဲ့က လွတ်အောင်နေ။
ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း
Monday, May 21, 2012
ယုံကြည်မှု၏ အကျဉ်းသား(ကဗျာ)
အကျဉ်းသား တော့ အကျဉ်းသား ပါ--
နိုင်ငံရေးလဲ မလုပ်ခဲ့ပါဘူး ။ ။
အကျဉ်းသား တော့ အကျဉ်းသား ပါ--
ဥပဒေ လည်းမဖောက်ခဲ့ ပါဘူး။ ။
အဲဒီအကျဉ်းသားတွေကမှ
လွတ်ရက်ကို စောင့်လို့ရပါသေးတယ်----
မိရိုးဖလာ ယုံကြည်မှုတွေနဲ့
တုတ်နှောင်ဖမ်းဆီးခံထားရတဲ့
ငါ့ရဲ့ဘဝ--
အမှန်တရားထက်
ပတ်ဝန်းကျင် ဂယက်ကိုကြောက်ပြီး
အရိုးစွဲနေတဲ့ ဓလေ့စရိုက်များ
ခွာထုတ်ဖို့ မကြိုးစားရဲခဲ့ ။ ။
အကျဉ်းသား တော့ အကျဉ်းသားပါ
လွတ်ရက်ဆိုတာ ဘယ်ခါမသိပါဘူး
ကိုယ့်ဦးဏှောက် ကို ချုပ်နှောင်ခံထားရပြီး
လွတ်လပ်စွာ မဆုံးဖြတ်ရဲနေသမျှ--
ငါတို့တွေဟာ ----
`` ယုံကြည်မှုရဲ့ အကျဉ်းသားတွေ`` ပါပဲ။ ။
လွတ်လပ်မှုကိုမြတ်နိုးသော
written by ko soe naing
Labels:
ကဗျာများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment