ဘဝမှာ လွတ်လပ်ခြင်း၊ ပျော်မွေ့ခြင်း၊ ကိုယ်စိတ်ချမ်းသာခြင်း နဲ့ ပြည့်စုံချင်ရင် ဘာကိုမှ သွားပြီး မငြိတွယ်နဲ့။ အားလုံးရဲ့ အနှောင်အဖွဲ့က လွတ်အောင်နေ။
ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း
Friday, May 18, 2012
ဆေး(ကဗျာ)
သင့်ရဲ့နှလုံးသားကို
လောဘ ဆိုတဲ့ပိုး
ဒေါသ ဆိုတဲ့အဆိပ်ဆိုးတွေနဲ့
ရောဂါ တတ်နေရတဲ့ကြား ----
မောဟ ဆိုတဲ့ ဒေါက်တာရမ်းကုကြောင့်
အခြေ အနေတွေပိုဒေါင်း
တဖြည်းဖြည်းနဲ့ အောက်ကိုညောင်းနေတယ် ။ ။
ဒါတင်မကဘူး ----
အတ္တ ဆိုတဲ့အစား
မာန ဆိုတဲ့ အစာ
ဝေး ဝေးရှောင်ပါ လို့
ဘယ်လိုပင် တားတား
မင်းကိုယ်မင်း မသနားပဲ
အလွန် အကျူးစားတော့
အစာ မကျေ လေဖြတ်
မင်း အနေ ခက်မှာပဲ ---
ဒါတွေသက်သာ ချင်ရင်
မေတ္တာ ဆိုတဲ့ရေစင် ကို
နေ့စဉ် မှန်မှန် မှီဝဲ
ရောဂါတွေ တဖြည်းဖြည်းလျှော့နည်းလာမှာ
သေချာ ပါတယ်
ငါလည်းပဲ ကြိုးစား
ဒီဆေးဘဲ စားနေရတယ်။ ။
written by ကိုစိုးနိုင်
Labels:
ကဗျာများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment