ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Thursday, May 31, 2012

တောလွမ်းချင်း(ကဗျာ)

 

 

တောလွမ်းချင်း

အရှေ့ဆီက

နေဝန်းနီနီ

ရောင်နီပတ်ဖျန်း

ခင်တောတန်းမှာ

ငှက်ကျေးသံစီ
လေပြည်လေညှင်း
မြေသင်းရနံ့
သင်းပျံ့ပျံ့နှင့်
အာရုံနိုးထ
တော အလှ။ ။

မနက်မလင်းခင်
ဗြူး-- ဗျင်း သံစုံ
စက်ကုန်မောင်းသွား
ဈေးကြိုကားနဲ့
အိပ်ချင်မူးတူး
ညစ်ညူးစိတ်ထွေ
ကာဗွန်တွေရော
လမ်းတကြောမှာ
သမုဒ္ဒရာ 

 ဝမ်းတစ်ထွာတွက်
အိပ်စက်နိုးထ
မြို့ဘဝ။ ။

တောမှာငါမွေး
မြို့မှာပဲနေ
ဇာတ်ဆရာစေရာ
ကကြိုးဖြာလည်း
မနက်လင်းတိုင်း
လင်းကြက်တွန်သံ
အုန်းမောင်းသံနဲ့
ကျေးငှက်တွန်မြူး
အာရုံဦးကို
အထူးသတိရ တမ်းတမ်းတ။ ။


ကိုစိုးနိုင်


No comments:

Post a Comment