တောင်းဆု----
မရင့်ကျက်ခင်တုန်းက
ကိုယ့်ကို
ချီးကျူးခံရတဲ့အခါ
ပီတိတွေဖြာပြီး
ထမင်းတောင်မစားချင်တော့အောင်ပါပဲ။
မရင့်ကျက်ခင်တုန်းက
ကိုယ့်ကို
ဝေဖန်ခံရတဲ့အခါ
ဒေါသတွေဖြာပြီး
လောင်မီးတွေရင်မှာချီ
မျက်ထောင့်ကြီးတောင်နီလို့။
မရင့်ကျက်ခင်တုန်းက
တစ်စုံတစ်ခုပိုင်ဆိုင်ရရင်
ဘဝင်တွေမြင့်
မြေကြီးထက်ကို တစ်ထွာလောက်တောင်မြင့်နေလေရဲ့။
မရင့်ကျက်ခင်တုန်းက
တစ်စုံတစ်ခုများ ဆုံးရှုံးရရင်
စိတ်ဓါတ်တွေ ဂျုံးဂျုံးကျ
လောကကြီးလည်းမှောင်မဲ
ချောင်ထဲမှာတောင်လဲသေလိုက်ချင်ရဲ့။
ဒီလိုနဲ့--
အသက်တွေလည်းရ
ဘဝတွေလည်းစုံ
လှိုင်းပုတ်ဒဏ်တွေလည်းခံ
နိမ့်ပြန်မြင့်ပြန်နဲ့
အပြန်ပြန် အလှန်လှန်
လောကဓံကို ခံပြီးမှ
ရင့်ကျက်မှုရဲ့`` ရသ``
နည်းနည်းပဲ မြည်းခွင့်ရသေးတယ်။
တကယ်လို့များ--
နောင်ဘဝဆိုတာများရှိခဲ့ရင်
ကောင်း--ဆိုး နှစ်တန်
ဒီလောကဓံကို
ခံနိုင်တဲ့လူသား
ရင့်ကျက်မှုတွေနဲ့အတူ
မွေးဖွားပါရစေသား ------ လို့။ ။
ကိုစိုးနိုင်
No comments:
Post a Comment