ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Friday, May 25, 2012

သတ္တိဆိုတာ







သတ္တိဆိုတာ

``အဲဒီတော့  ရှင်က ကျွန်မကို သတ္တိရှိတယ် လို့ ယူဆတယ်ပေါ့ ``   သူမကမေးသည်။

``ဟုတ်တယ်``

``အင်းလေ   ဟုတ်ချင်လည်း ဟုတ်မှာပေါ့ ၊ ဒါပေမယ့် သတ္တိရှိတယ်ဆိုရင်လည်း အဲဒီလိုရှိလာအောင် နှိုးဆွပေးခဲ့တဲ့  ပုဂ္ဂိုလ်တချို့ကြောင့် လို့ဆိုရမှာပါ။ ပုဂ္ဂိုလ်တစ်ယောက်အကြောင်း ကျွန်မ ပြောပြပါ့မယ်``

××××××××××××××××

``လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာတုန်းက ကျွန်မ စတင်းဖို့ဒ် ဆေးရုံမှာ စေတနာ့ဝန်ထမ်း အလုပ်လုပ်ခဲ့ဖူးတယ်။ အဲဒီမှာ လီဇာဆိုတဲ့ လူနာ မိန်းကလေးတစ်ယောက် ကျွန်မ တွေ့ရတယ်။ သူကလေးက အင်မတန်ဖြစ်ခဲတဲ့ ရောဂါဝေဒနာဆိုးတစ်မျိုးကို ခံစားနေရတာ။ 

သူနလန်ပြန်ထူလာဖို့အတွက်က အသက်ငါးနှစ် ပဲရှိသေးတဲ့ သူ့မောင်လေးဆီက သွေးကို သွင်းပေးတဲ့ နည်းလမ်းတစ်ခုပဲ ရှိတော့တယ်။ ဒီကောင်လေးက သူကိုယ်တိုင် သူ့အမရဲ့ ရောဂါမျိုး ဖြစ်ခဲ့ဖူးပြီး ထူးခြားအံ့ဖွယ် ပြန်ကျမ်းမာ ရှင်သန်ခဲ့ရသူလေးပဲ။ အဲဒီရောဂါကို ခုခံတွန်းလှန်နိုင်တဲ့ ပဋိဇီဝ ပစ္စည်းတွေလည်း သူ့ရဲ့သွေးထဲမှာ ဖြစ်ပေါ်ခဲ့တယ်။ ဆရာဝန်က ဒီကလေးကို သူ့အမရဲ့ ရောဂါအခြေအနေအကြောင်း  ရှင်းပြပြီး အမအတွက် သူ့သွေးကို ပေးလိုတဲ့ဆန္ဒရှိသလားလို့ မေးတယ်။ ကောင်လေးဟာ ခဏတော့တွေဝေသွားတာ ကျွန်မ သတိထားမိတယ်။ အဲဒီနောက် သက်ပြင်း တစ်ချက်ရှိုက်ပြီးသူပြန်ဖြေတယ်။

``မမ အသက်ကို ကယ်နိုင်မယ်ဆိုရင်  ကျွန်တော်ပေးပါ့မယ်``   တဲ့။

``အဲဒါနဲ့  သူ့ဆီကသွေးကို သွင်းတဲ့အခါ အမ ကုတင်ဘေးမှာ သူလည်း ကုတင်တစ်လုံးနဲ့ လှဲရင်း ကြည့်နေတယ်။ ကောင်မလေးပါးပြင်မှာ သွေးရောင်သမ်းလာတော့ ကျွန်မတို့ ကြည့်နေကြတဲ့သူအားလုံး နည်းတူ သူလည်း ပြုံးနေတာပဲ။ အဲဒီနောက်တော့ သူ့မျက်နှာလေးက ဖြူရော်ရော်ဖြစ်လာပြီး အပြုံးလေးလဲ ပြယ်သွားတယ်။ ပြီးတော့ ဆရာဝန်ဆီမော့ကြည့်ရင်း တုံတုံရင်ရင် အသံလေးနဲ့ သူမေးရှာတယ်``

``ကျွန်တော် အခုတစ်ခါတည်း သေသွားတော့မှာလား``   တဲ့။

``ကလေးက ငယ်တော့ ဆရာဝန်ရှင်းပြတာ  ကောင်းကောင်းသဘောမပေါက်ဘူး။ သူက သူ့အမ အတွက်သွေး ပေးရမယ်ဆိုတာ သူ့သွေးအားလုံးဖောက်ပေးရမယ်လို့ ထင်ထားတာကိုး``

``အဲဒါပါပဲ  သတ္တိစိတ်မွေးပေးတဲ့  အဲဒီလိုပုဂ္ဂိုလ်မျိုးတွေ တွေ့ခဲ့ရဖူးလို့ ကျွန်မမှာလည်း သတ္တိဆိုတာ ရှိတတ်လာခဲ့တာပါ``



မူရင်း။     ။ Dan Millman ၏ On Courage
ဖေမြင့်---- နှလုံးသားအာဟာရ(ရသစာများ)

No comments:

Post a Comment