ကျွန်တော်ခရစ္စမတ်နေ့က အွန်လိုင်းမှာ မိတ်ဆွေတစ်ယောက်နဲ့ ချက်တင် ဝင်ဖြစ်တယ် ၊ ကျွန်တော်က သူနဲ့ စိတ်သဘောထားရင်းတိုက်ဆိုင်တယ် အယူအဆတူတယ် လို့ပြောမိတော့ သူက ``မတူလောက်ဘူး``တဲ့ - သူဒီလိုဖြေတာကသူက အစ္စလ္လာမ် ဘာသာဝင်ဖြစ်ပြီး ကျွန်တော်က ဗုဒ္ဓဘာသာဝင်ဖြစ်လို့ အယူအဆအတွေးအခေါ်တွေ မတူနိုင်ဘူးလို့ဆိုလိုချင်ပုံေ
အဲဒါနဲ့ပါတ်သတ်ပြီး ကျွန်တော်ဆက်စဉ်းစားမိတာတွေ တင်ပြချင်ပါတယ် - ကိုးကွယ်မှုဘာသာဆိုတာ ``ယုံကြည်မှု`` ဆိုတဲ့ခေါင်းစဉ်အောက်မှာထားလို
ကျွန်တော် ၈ တန်းတုန်းကသူငယ်ချင်းတစ်ယောက်ရှ
စိတ်ကူးနဲ့ပုံဖော်ကြည့်ကြစို့ --
အစ္စလ္လာမ်ဘာသာဝင်ဖြစ်တဲ့ သူငယ်ချင်းက အနောက်ဘက်ကိုမျက်နှာပြုပြီး ဘုရားရှိခိုးမယ် - ဗုဒ္ဓဘာသာက အရှေ့ဘက်ကိုမျက်နှာပြုပြီးဘုရား
သူတို့ဘုရားရှိခိုးခြင်းအသီးသီး
အဲဒါဟာ ``ဘဝ`` ဘဲ
အဲဒါဟာ ``လောကအမြင်``ဘဲ
အမြင်မတူတာနဲ့ပါတ်သတ်ပြီး နှစ်ဖက်လုံးမှန်တယ်လို့ ပြောချင်ရင် ``လက်ဖဝါး နဲ့ လက်ဖမိုး `` ဥပမာပေးတတ်ကြတယ် ။ သူ့ဘက်ကကြည့်တော့ လက်ဖဝါး ကိုယ့်ဘက်ကကြည့်တော့ လက်ဖမိုး -ဆက်မငြင်းနဲ့ နှစ်ယောက်လုံးမှန်တယ်ပေါ့ --
ကျွန်တော်တော့ အဲဒါကို အမြင်မတူတာထက် အမြင်ကျဉ်းတဲ့သူတွေကို ပြောတဲ့ဥပမာလို့ ယူချင်တယ် - ဟုတ်တယ်လေ လက်ဖမိုး-လက်ဖဝါးလောက် ဘဲမြင်တော့ ငြင်းပြီပေါ့ - အမြင်သာကျယ်ရင် ကိုယ့်ဘက်က လက်ဖမိုးမြင်သလို သူမြင်တဲ့လက်ဖဝါးကိုလဲ အသိစိတ်နဲ့မြင်ပြီးနားလည်ပေးရမှ
တွေးမိတွေးရာလေးများပါ --
ရွှင်လန်းချမ်းမြေ့ကြပါစေ-
written by ko soe naing
No comments:
Post a Comment