ဘဝမှာ လွတ်လပ်ခြင်း၊ ပျော်မွေ့ခြင်း၊ ကိုယ်စိတ်ချမ်းသာခြင်း နဲ့ ပြည့်စုံချင်ရင် ဘာကိုမှ သွားပြီး မငြိတွယ်နဲ့။ အားလုံးရဲ့ အနှောင်အဖွဲ့က လွတ်အောင်နေ။
ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း
Saturday, May 19, 2012
ပိုက်ကွန်(ကဗျာ)
ပိုက်ကွန်ဆိုတာ----
ငါး အုပ်ကြီးကို--
အကောင် ကြီးကြီး -- အကောင်သေးသေး
ခြုံလွှမ်းပြီး ဖမ်းဆီးတဲ့အရာ
အားလုံးသိပါတယ်---
အဲ-----
ပိုက်ကွန်ပေါက်နေ လို့ကတော့
ဒီအပေါက် ကို မြင်မိတဲ့ ငါး
တိုးထွက်လို့ လွတ်လပ်သွားမှာဘဲ-----
ဟိုတစ်နေ့က
တံငါ ယောင်ဆောင်ထားတဲ့ ငါး တစ်ကောင်ဟာ
ဘဝတူ ငါး တစ်ချို့ လွတ်နေတာကို မနာလိုလို့
အဲဒီ ပိုက်ပေါက်ကို
ဟိုဆွဲ ဒီဆွဲ ဖာချုပ်
အဲဒါကို ကျုပ်မြင်ပေမယ့်
မပြောခဲ့ဘူး----
အေးလေ-----
အဖု -- အချိုင့် ရှိနေတဲ့ တိုက် ကားကို
ပတ်တီးအုပ် ဆေးမှုတ်ရောင်းမှ
တန်ဘိုးကြီးကြီးရမှာ ဆိုတော့လည်း ---
မပြောဘဲ နေခဲ့တာ
ပိုကောင်းပါတယ်------
written by ko soe naing
Labels:
ကဗျာများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment