ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Friday, May 11, 2012

လွတ်လပ်တဲ့လူ(ကဗျာ)




လွတ်လပ်တဲ့လူ

အနှောင်အဖွဲ့ဆိုတာ
မမြင်ရတဲ့ကြိုး အားလုံးပါတယ်။
``ငါ``ဆိုတဲ့ အတ္တကောင်ကို
နှောင်ကြိုးတွေနဲ့ ချိတ်ဆက်
လောကဇာတ်ဆရာရဲ့ အလိုကျ
ကကြိုးကကွက် စုံအောင်ကပြခဲ့ရတာလည်း
ဘဝတွေမနည်းတော့ဘူး။
နှောင်ကြိုးဆိုတာ
ထင်ရှားတဲ့ဟာပါသလို
အချို့လည်း
နူးညံ့သလောက်ခိုင်မြဲ
မြင်ဘို့တောင်ခဲယဉ်းရဲ့။
နှောင်ကြိုးပြတ်တဲ့ အတ္တဟာ
ကြိုးပြတ်တဲ့ ရုပ်သေးရုပ်လိုပါပဲ
ဘယ်ဇာတ်ဆရာမှ ကကွက်ထွင်
အသက်ဝင်လို့ရှေ့ထွက်
ပွဲမဆက်ဘူး
ကြိုးပြတ်ခဲ့ပြီကိုး။
ဒေါသရဲ့  ကြိုးဆွဲရာ-----
လောဘရဲ့ ကြိုးဆွဲရာ-----
မောဟရဲ့ ကြိုးဆွဲရာ------
တဏှာရဲ့ ကြိုးဆွဲရာ------
မေတ္တာရဲ့ ကြိုးဆွဲရာ------
သမုဒယရဲ့ ကြိုးဆွဲရာ-----
ဥပေက္ခာပြုနိုင်တဲ့တစ်နေ့
မငြိစွန်း မယှက်နွယ်တဲ့သူဟာ
``လွတ်လပ်တဲ့လူ``ပါပဲ။     ။


ကိုစိုးနိုင်

No comments:

Post a Comment