ဘဝမှာ လွတ်လပ်ခြင်း၊ ပျော်မွေ့ခြင်း၊ ကိုယ်စိတ်ချမ်းသာခြင်း နဲ့ ပြည့်စုံချင်ရင် ဘာကိုမှ သွားပြီး မငြိတွယ်နဲ့။ အားလုံးရဲ့ အနှောင်အဖွဲ့က လွတ်အောင်နေ။
ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း
Friday, May 18, 2012
အသမာနှလုံးသား(ကဗျာ)
တကယ်ဟုတ်ရဲ့လား ------
မိန်းမပျက် တစ်ယောက်ဟာ
ဆင်းရဲတဲ့ဒုက္ခ ကြောင့်ပါဆိုပြီး
ဧည့်သည် တဏှာရှင်ရဲ့ နှလုံးသားကို
ကလီကမာ ကျပြီးငွေချူတတ်တာ
ဟိုး-- အရင်ကတည်းကပါပဲ။ ။
တကယ်ဟုတ်ရဲ့လား ------
စာနာစိတ်ရှိသယောင်
အလိမ်အညာ မျက်နှာထားနဲ့
တဖက်သားအထင်တွေကြီးအောင်
အလကားရတဲ့ စကားလုံးတွေဖောင်ဖွဲ့တတ်လဲ
သူတို့လေးတွေ ဘဝအတွက်
ပြန်ထူထောင်ဖို့ ငွေလိုအပ်ခဲ့ရင်
မင်းဘယ်လောက် ထည့်မှာလဲ။ ။
တကယ်ဟုတ်ရဲ့လား -----
ဖြူစင်တဲ့ စိတ်ရင်းမှန်ရင် လေးစားပါတယ်
အဲဒီလိုမဟုတ်ပဲ--
တစ်မတ်မပြည့်တဲ့ဦးဏှောက်နဲ့
တစ်ထွာကျော်ကျယ်တဲ့ ပါးစပ်ပေါက်ကြီးက
မတန်မရာစကားတွေ လာလာမဟနဲ့
အာပုတ်စော် နံလွန်းလှလို့ပါ။ ။
တကယ်ဟုတ်ရဲ့လား -----
ဖြူစင်နူးညံ့တဲ့နှလုံးသားဟာ
နည်းနည်းလေး ထိခိုက်မိတာနဲ့
အသည်းအက်အောင်နာကျင်တတ်တာ
ငါ -နားလည်ပါတယ်
ငါ့ နှလုံးသားကတော့
ဒဏ်ရာတွေဗလပွ
ချုပ်ကြိုးတွေနဲ့ အသမာထနေတော့
ဒီမြင်ကွင်းလေးလောက်များ
ကလေးကစားနေတာလား ထင်မိတယ်။ ။
ကိုစိုးနိုင်
Labels:
ကဗျာများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment