ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Sunday, May 13, 2012

ဟာသများ(၄)



                    တခါတုန်းက အင်ဂျင်နီယာတယောက် သေတော့ ငရဲပြည်ကို ရောက်တဲ့အခါ ငရဲမင်းက ဘာကောင်းမှုလုပ်ခဲ့သလဲလို့မေးတော့ အင်ဂျင်နီယာက သူလုပ်ခဲ့တဲ့ကောင်းမှုတွေကိုဖြေတာပေါ့။အင်ဂျင်နီယာရဲ့ အဖြေကို သဘောကျလို့ဆိုပြီး နတ်ပြည်ပို့လိုက်တယ်။
                 အဲ့ဒါ သိကြားမင်းက လက်မခံဘဲ ငရဲပြည်ပြန်ပို့လိုက်တယ်။ငရဲမင်းကလည်း အင်ဂျင်နီယာကို အဆောက်အဦးတွေ ဆောက်ခိုင်းတာပေါ့ ။ငရဲမင်းကလည်း အင်ဂျင်နီယာရှိတုန်း အပြတ်ဆောက်တာပေါ့။အဆောက်အဦးတွေကလည်း  လုံးဝအလန်းတွေပေါ့။အဲ့ဒါကို သိကြားမင်း သိတော့ သူလည်းအဆောက်အဦး ဆောက်ချင်တာနဲ့ အင်ဂျင်နီယာကို နတ်ပြည်ကို ခေါ်တာပေါ့။ငရဲမင်းက သဘော မတူဘူး။သိကြားမင်းကလည်း စိတ်ဆိုးပြီး သူတို့အထက်နတ်တွေကို တိုင်မယ်လုပ်ရောပေါ့။ ငရဲမင်းက  သိကြားမင်းကို "တိုင်ချင်တိုင်လိုက်လေ တိုင်ရင်တော့ ရှေ့နေငှားရမှာပေါ့  မင်းတို့နတ်ပြည်မှာ ရှေ့နေမှမရှိတာ ရှေနေဆိုတာ ငါတို့ငရဲမှာဘဲ ရှိတာကွ" လို့ပြောလိုက်တယ်တဲ့



1 comment:

  1. ရှေ့နေလုပ်ရင် ကောင်းမလား အင်ဂျင်နီယာလုပ်ရင် ကောင်းမလား ? :D

    ReplyDelete