ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Sunday, May 13, 2012

ပဉ္စလက်ကပွဲ(ကဗျာ)


 
"ပဉ္စလက်ကပွဲ"


 လွှတ်ချခဲ့ ပေမယ့်
လွတ်မကျဘဲ
အကြိမ်ကြိမ်ပြန်တွယ်ငြိ
ရင်ကို ထိစေခဲ့တာ
နှစ်ခါပြန်ဝင်စားခြင်းလား????

ဟက်တက်ကွဲပါတယ်ဆိုမှ
ပတ်တီးစည်းပြီး
ချုပ်ရိုးပျောက်ချည်
အတိတ်ကို ကြိုးနဲ့ သီလည်း
ပြည်ဖုံးကား ချမသွားဘူး

ငါကဘဲ အဆိပ်ပြင်းသလား
မင်းကဘဲ  နင်းချေထားသလား
နှာင်ဖွဲ့ မှုတွေကြားမှာ
အပြန်အလှန်ဖျော်ဖြေလို့
 က ပွဲ  တွေလည်းများပြီဘဲ

မင်းရဲ့ အဆို အရ
မြစ်ချောင်းတွေက  မိန်းမတဲ့
ဟင်
ဒါဆို ယောင်္ကျားတွေက
ပင်လယ်ပြင်လား
ဟင့်အင်း
ဒါတော့မတရားဘူးကွယ်

ဝင်လာသမျှအရာတွေကို
လက်ခံနိုင်တာ နှလုံးသားအစစ်မှမဟုတ်တာ
ကဲ ကဲ
လွန်ဆွဲမနေပါနဲ့
ဒီတစ်ပွဲလည်း
ပင်လယ်နဲ့ ရေပြင် အတူ ကပွဲဆင်ကြဦးစို့ ။ ။ ။
(ကကြိုး သီတဲ့ နှင်းဆီ)


No comments:

Post a Comment