ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Monday, May 28, 2012

လက်ဆောင်




လက်ဆောင်

ဘတ်စ်ကားတစ်စီးပေါ်မှာ---
အဘိုးကြီးတစ်ယောက် ပန်းလှလှတစ်စီး ကိုင်လျှက်လိုက်ပါလာသည်။ သူနှင့် လူသွားလမ်းခြားလျှက် တစ်ဖက်ထိုင်ခုံမှာ မိန်းကလေးတစ်ယောက်ထိုင်နေသည်။
ကောင်မလေး မျက်လုံးတွေက ပန်းတွေဆီ တရစ်ဝဲဝဲ ဖြစ်နေသည်။ 
ခဏနေတော့ မှတ်တိုင်တစ်တိုင်မှာ ဘတ်စ်ကား ရပ်သည်။
အဘိုးကြီးက  အလျှင်စလိုထကာ ပန်းစည်းကို ကောင်မလေး လက်ထဲထိုးထည့်သည်။ 
``ယူပါကွာ ၊ မင်းကြည့်ရတာ ပန်းသိပ်ချစ်ပုံရတယ် ၊ မင်းကိုပေးခဲ့တဲ့ အကြောင်းသိရရင် အဘ ဇနီးက လည်းဝမ်းသာမှာပါ ၊ အဘ သူ့ကိုပြောပြလိုက်ပါ့မယ်``
ကောင်မလေး ပန်းစည်းကို ယူလိုက်ပြီး အဘိုးကြီး ကားပေါ်က ဆင်းသည်ကို လိုက်ကြည့်နေသည်။ ဘတ်စ်ကား ရပ်သည့်နေရာက သုဿန်တံခါးဝအနီး မှာဖြစ်သည်။ သုဿန်အတွင်းသို့ အဘိုးကြီး ဝင်သွားတာ မြင်လိုက်ရသည်။


မူရင်း။   ။Bennet Cerf ၏ The Gift
ဖေမြင့်-- နှလုံးသားအာဟာရ(ရသစာများ)

No comments:

Post a Comment