မေး။ - ရုပ် နာမ် ဖြစ်ပျက်
တရစပ် ကို
မပြတ်သတိ
ဥာဏ်မျက်စိဖြင့်
အဘယ့်ကြောင့်များ
သိမှတ်ပွား လဲ ?????????
ဖြေ ။ - သံသရာ အဆက်ဆက်
ခန္ဓာ မက်၍
စွဲချက်သန်မာ
အဝိဇ္ဇာ ဖုံး
တဏှာလုံး ကို
ပါးစေလို၍
မြင်မြင်သမျှ
ထာဝရ မဟုတ်
ခန္ဓာရုပ် ကို
သိစေလိုကာ
မှတ်စေပါသည်။ ။
မေး ။ - ထိုသို့သိမှတ်
တရစပ်ကြောင့်
ပစ္စုပ္ပန်မှာ
အကျိုးဘာများ
ရနိုင်ငြားအံ့။ ။
ဖြေ.။ - ထိုသို့သိမှတ်
ဥာဏ်ရည်တတ်က
ပစ္စုပ္ပန်မှာ
ကောင်း - ဆိုး ဖြာသည့်
လောကဓံ တရား
တွေ့ဆုံငြားက
မတုံ မလှုပ်
သမာဓိထုတ်၍
အမှန် - အမှား
ချင့်ချိန် အားသန်
ပူမီးလျှံ မှ
အပြန်တစ်ရာ - ဝေးနိုင်ခွာ၏ ။ ။
အဖွဲ့ဝင်အားလုံး ရွှင်လန်းချမ်းမြေ့ပါစေ----
No comments:
Post a Comment